မြန်မာပြည်သူထု၏ Covid-19 ယခင် ရန်ပုံငွေဖြင့် အာဏာသိမ်းအဖွဲ့က ဝယ်ယူထားသည့် တရုတ်ထုတ် Sinovac Covid-19 ကာကွယ်ဆေးများ ဒုတိယအသုတ်အဖြစ် ရောက်ရှိ

တရုတ်မှ ကာကွယ်ဆေးများ ရန်ကုန်သို့ ရောက်ရှိစဉ် - Photo: 胞波
တရုတ်မှ ကာကွယ်ဆေးများ ရန်ကုန်သို့ ရောက်ရှိစဉ် - Photo: 胞波
မြန်မာပြည်သူထု၏ Covid-19 ယခင် ရန်ပုံငွေဖြင့် အာဏာသိမ်းအဖွဲ့က ဝယ်ယူထားသည့် တရုတ်ထုတ် Sinovac Covid-19 ကာကွယ်ဆေးများ ဒုတိယအသုတ်အဖြစ် ရောက်ရှိ
သြဂုတ် 9, 2021 | Covid-19

နိုင်ငံအတွင်း Covid-19 ကာကွယ်ဆေးထိုးနှံရေးအတွက် နိုင်ငံတော်မတည်ငွေ၊ ပြည်သူများ လှူဒါန်းငွေတို့ဖြင့် ထူထောင်ထားသည့် Covid-19 ရန်ပုံငွေဖြင့် အာဏာသိမ်းအဖွဲ့က တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် Sinovac Covid-19 ကာကွယ်ဆေး ဒုတိယအသုတ် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့က ရန်ကုန်သို့ ရောက်သည်။

တရုတ်ထုတ် Sinovac Covid-19  ကာကွယ်ဆေး (၂)သန်းကို အာဏာသိမ်းအဖွဲ့က ဝယ်ယူထားခြင်းဖြစ်သည်ဟု သိရသည်။

Covid-19 ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်က အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၌ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ အများပြည်သူနှင့် အဖွဲ့အစည်းများက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမခံရမီအချိန်ထိ ပူးပေါင်းလှူဒါန်း ထည့်ဝင်ထားခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံထုတ် Covid-19 ကာကွယ်ဆေးကို စတင်ထိုးနှံနေချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့က တရုတ်မှ ကာကွယ်ဆေးများကို ဝယ်ယူလာခြင်းဖြစ်သည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Covid-19 ကာကွယ်ဆေးများကို အများပြည်သူအတွက် ထိုးနှံပေးနေသဖြင့် ထိုင်းအစိုးရကို လူထုက ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

#TachileikNewsAgency