မိုင်းဖြတ်မြို့မဈေး၌ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖြန်း

မိုင်းဖြတ်မြို့မဈေး၌ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖြန်း
ဧပြီ 7, 2020
By 🌸

မိုင်းဖြတ်မြို့မဈေး၌ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ပိုးသတ်ဆေးဖြန်း

COVID 19 ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ရှိ မြို့မဈေးတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ နံနက် (၉) နာရီက မြို့နယ်စည်ပင်သာရေးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ကြသည်။

အဆိုပါဈေးကို နေ့စဉ် ဈေးသိမ်းချိန်တိုင်း စည်ပင်သာယာရေးဌာနက ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်နေပြီး COVID 19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီအနေဖြင့် ဆောင်ရွက်ခြင်းမှာ ယခုအကြိမ်မှာ ဒုတိယမြောက်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းထံမှ သိရသည်။

ဈေးအတွင်း ဆေးဖြန်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးဇော်နှင့် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသိန်းဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးတိုးဇာ်ထွန်းနှင့် တာဝန်ရှိသူများလည်း လာရောက်ကြကြောင်း သိရသည်။

 Tachileik News Agency
သတင်း၊ဓါတ်ပုံ - ရွှေကို(မိုင်းဖြတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~