မူဆယ်မြို့မှ အတည်ပြုလူနာနှင့် ပတ်သက်၍ အနီးကပ်ထိတွေ့သူများကို ရှာဖွေ ဖော်ထုတ်နေ

မူဆယ်မြို့မှ အတည်ပြုလူနာနှင့် ပတ်သက်၍ အနီးကပ်ထိတွေ့သူများကို ရှာဖွေ ဖော်ထုတ်နေ
ဧပြီ 24, 2020
By Tachileik News Agency
မူဆယ်မြို့မှ အတည်ပြုလူနာနှင့် ပတ်သက်၍ အနီးကပ်ထိတွေ့သူများကို ရှာဖွေ ဖော်ထုတ်နေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့မှ COVID 19 အတည်ပြုလူနာ (Case 143) ကို မူဆယ်ဆေးရုံသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ ညပိုင်းတွင် ခေါ်ဆောင်ထားပြီး  အနီးကပ်ထိတွေ့သူများစာရင်းကို တာဝန်ရှိသူများက ရှာဖွေဖေါ်ထုတ်နေကြောင်း သိရသည်။

မူဆယ်က အတည်ပြုလူနာကို ဒီညနေမှာပဲ မူဆယ်ဆေးရုံကိုရွှေ့ပြီး ကုသပေးတာလုပ်နေတယ်။ သူက ဒူဘိုင်းက ပြန်လာတာ။  မတ်လ (၁၆)ရက်နေ့က ပြန်ရောက်တယ်။ ရန်ကုန်မှာ Quarantine လုပ်တယ်။ ရန်ကုန်ကနေ လားရှိုး လေယာဉ်နဲ့ လာတယ်။ လားရှိုးကနေ မူဆယ်ကို လာတယ်။  လားရှိုးကနေ မူဆယ်ပြန်တက်တဲ့ဟာရယ်၊ ရန်ကုန်မှာ နေခဲ့တဲ့ဟာရယ်၊  လေယာဉ်ပေါ်မှာပါတဲ့ဟာရယ်ကို  အခုမှလိုက်တုန်းရှိသေးတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်၏ (၇)ဦးမြောက် COVID 19 အတည်ပြုလူနာ (Case 143) မှာ အသက် (၈၇)နှစ်အရွယ်  အမျိုးသမီးဖြစ်သည်။

ရှမ်းပြည်နယ်တွင် COVID-19 ကူးစက်ခံရသူများမှာ တာချီလိတ်မှ (၂)ဦး၊ မိုင်းဖြတ်မြို့မှ (၁)ဦး၊ တောင်ကြီးမြို့မှ (၂)ဦး နှင့် ကျောက်မဲမြို့မှ (၁)ဦး အပြင် ယခု အတည်ပြုလိုက်သည့် မူဆယ်မြို့မှ (၁)ဦး အပါအဝင် စုစုပေါင်း (၇)ဦး ရှိနေပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~