ဧည့်လမ်းညွှန် Case - 08၏ မိသားစုဝင်တစ်ဦး အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေတွေ့

ဧည့်လမ်းညွှန် Case - 08၏ မိသားစုဝင်တစ်ဦး အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေတွေ့
ဧပြီ 10, 2020
By Tachileik News Agency
ဧည့်လမ်းညွှန် Case - 08၏ မိသားစုဝင်တစ်ဦး အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေတွေ့

အတည်ပြုလူနာ ဧည့်လမ်းညွှန်အမျိုးသမီး၏ မိသားစုဝင် အသက် (၆၃)နှစ်အရွယ် အမျိုးသားကို အတည်ပြုလူနာ (Case-028) အဖြစ် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် ဓါတ်ခွဲအဖြေထွက်လာသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၂၈) ဦး ရှိလာပြီဖြစ်သည်။

အဆိုပါ အတည်ပြုလူနာ (Case-028) သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှ ဓာတ်ခွဲအတည်ပြုလူနာ (Case-008) ပြင်သစ်ဧည့်လမ်းညွှန် အမျိုးသမီး၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး မတ်လ (၂၈) ရက်နေ့မှစ၍  နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရာ ဧပြီလ (၇) ရက်နေ့မှစ၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ဧပြီလ (၉)ရက်နေ့တွင် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်းသိရှိရပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကုသမည်ဖြစ်ကြောင်း သိရသည်။

COVID-19 အတည်ပြုလူနာများကို  ချင်းပြည်နယ်ရှိ တီးတိန်ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၁၄) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မြောက်ဥက္ကလာပအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၂) ဦး၊ မွန်ပြည်နယ်၊ ကျိုက်မရောပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသည့် လူနာ (၁) ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းရန် စီစဉ်လျက်ရှိသည့် လူနာ (၁) ဦး၊ စုစုပေါင်း (၂၂) ဦးတို့မှာ အခြေအနေတည်ငြိမ်နေပြီး ဝေဘာဂီအထူးကု ဆေးရုံ ကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားကုသပေးနေကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၂၈)ဦးရှိလာပြီး သေဆုံးသူ (၃)ဦး၊ ကုသမှုခံယူနေဆဲ (၂၃) ဦးနှင့် ဆေးရုံဆင်းခွင့်ရပြီး ဆက်လက်စောင့်ကြည့်နေသူ (၂)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~