တောင်ကြီး အတည်ပြုလူနာသည် ရန်ကုန် Quarantine တွင် ရက်မပြည့်ဘဲ ပြန်လာသူဖြစ်နေ၊ နေအိမ်ကို LOCKDOWN ချထား

တောင်ကြီး အတည်ပြုလူနာသည် ရန်ကုန် Quarantine တွင် ရက်မပြည့်ဘဲ ပြန်လာသူဖြစ်နေ၊ နေအိမ်ကို LOCKDOWN ချထား
ဧပြီ 11, 2020
By Tachileik News Agency
တောင်ကြီး အတည်ပြုလူနာသည် ရန်ကုန် Quarantine တွင် ရက်မပြည့်ဘဲ ပြန်လာသူဖြစ်နေ၊ နေအိမ်ကို LOCKDOWN ချထား

အင်္ဂလန်မှပြန်လာပြီး ရန်ကုန်တွင် Quarantine ထားသည့် ရက်မပြည့်မီ တောင်ကြီးပြန်လာသူ အမျိုးသားကို အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအတည်ပြုအဖြေရသဖြင့် တောင်ကြီးစဝ်စံထွန်းဆေးရုံ၌ ပို့ဆောင်ထားပြီး ကားတစ်စီးထဲ အတူပြန်လာသူများကိုပါ ဆေးရုံ၌ စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်ကပြန်လာတော့ ရန်ကုန်မှာ Facilities Quarantine ထားတာမှာ ရက်မပြည့်သေးဘဲ တောင်ကြီး ပြန်လာတယ်။ အခုက Facilities Quarantine မှာ ရက်ပြည့်ခါနီးဆို (၁၀)ရာခိုင်နှုန်းကို စစ်တယ်။ စစ်တဲ့အခါ သူက Positive ထွက်တော့ သူ့ကိုစုံစမ်းတာမှာ လမ်းမှာတင် သူ့ကို ဆက်သွယ်မိတယ်။ မိတော့ သူ့ကို လွန်ခဲ့တဲ့ (၁)နာရီ (ည ၈နာရီကျော်)ကပဲ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ထားပြီ။ သူနဲ့အတူတူပြန်လာတာက သူ့အမေနဲ့ သူ့အစ်မ။ သူ့အစ်မက ကားမောင်းတယ်။ သူ့အမေက ဘေးကထိုင်တယ်။ သူနဲ့ ကလောက သူ့သူငယ်ချင်းတစ်ယောက်က နောက်ကထိုင်တယ်။ ကလောက သူ့မိတ်ဆွေကိုတော့ ကလောဆေးရုံမှာ Hospital Quarantine လုပ်တယ်။ ကလောက သူ့မိတ်ဆွေ မိသားစုကိုလည်း Quarantine လုပ်ဖို့ ကလောထွေအုပ်ကို မှာလိုက်ပြီ။ ပြဿနာက သူ့အမေနဲ့ သူ့အစ်မက Hospital Quarantine လုပ်ရမှာကို ငြင်းနေတယ်။ သူတို့က ကားတစ်စီးထဲ စီးလာကြတဲ့သူတွေဖြစ်တော့ Hospital Quarantine မဖြစ်မနေကို လုပ်ရမယ်။ သူတို့ကို ရတဲ့နည်းနဲ့ ခေါ်လာဖို့ သူတို့အိမ်နဲ့ လမ်းကို lock down ချဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောလိုက်ပြီ

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ည (၉)နာရီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာနှင့်အတူ ကားတစ်စီးထဲ စီးလာသည့်မိသားစုဝင်များက ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဦးသြလမ်းရှိနေအိမ်ကို ပြန်သွားသဖြင့် အဆိုပါနေအိမ်နှင့်လမ်းကို အဝင်အထွက်ကန့်သတ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဓါတ်ခွဲအတည်ပြုလူနာ (Case-029) သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှ အသက် (၂၆) နှစ်အရွယ် အမျိုးသားဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ မတ်လ (၂၈)ရက်နေ့တွင် ပြန်ရောက်သဖြင့်  ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ ရန်ကုန်မှ တောင်ကြီးသို့ ပြန်လာသည့် လမ်းကြောင်း တစ်လျှောက် ထိတွေ့ခဲ့သူများကို ကျန်းမာရေးက ထပ်မံ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~