ရောဂါထိန်းချုပ်နေသည့်ကာလအတွင်း ဆေးဝါး၊ ကျန်းမာရေးအထောက်အကူပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးအဆမတန်ဖြင့် ရောင်းချပါက ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်

ရောဂါထိန်းချုပ်နေသည့်ကာလအတွင်း ဆေးဝါး၊ ကျန်းမာရေးအထောက်အကူပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးအဆမတန်ဖြင့် ရောင်းချပါက ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်
ဧပြီ 1, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဆေးဝါး အပါအဝင် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ နှင့် စားသောက်ကုန်ပစ္စည်းများကို  ဈေးအဆမတန်ဖြင့် ရောင်းချပါက ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်

Covid -19 ရောဂါထိန်းချုပ်နေသည့်ကာလအတွင်း ဆေးဝါး၊ ကျန်းမာရေးအထောက်အကူပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှုများရှိပါက  ကုန်ဝယ်ပြေစာပြပြီး နီးစပ်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့က ပညာပေးဆောင်ရွက်သည်။

အရေးကြီး ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မတ်လ (၃၀) ရက်နေ့မှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကနေ အမိန့်ကြေညာစာထုတ်ပြီးတော့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဦးစီးဌာနကို အခွင့်အာဏာ အပ်နှင်းလိုက်တာ ဖြစ်ပါတယ်။ Covid-19 ဖြစ်ပွားနေစဉ် ကာလတစ်လျှောက်မှာ အဲဒီကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရင် တိုင်ကြားနိုင်ပြီးတော့ ကွင်းဆင်းစစ်ဆေးအရေးယူနိုင်ဖို့အတွက် အသိပညာပေးတာတွေ လုပ်နေပါတယ်

 ဟု စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှုးရုံးမှ ဒုပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က တာချီလိတ်သတင်း အေဂျင်စီသို့ ဧပြီလ (၁) ရက်နေ့တွင် ပြောသည်။

Covid-19 ကူးစက်ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ဆေးဝါး၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် စားသုံးကုန်ပစ္စည်း များကို ဝယ်ယူပါက ကုန်ပစ္စည်း တန်ဖိုးပြေစာ ( ဘောက်ချာ ) ရယူရန်လိုအပ်ပြီး ပုံမှန်ထက်ဈေးတင်၍ ရောင်းချပါက နီးစပ်ရာ စားသုံးသူရေးရာ ဦးစီးဌာနများသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

အဆိုပါကုန်ပစ္စည်းများအား သို လှောင်၊ တင်ပို့၊ ရောင်းချ သူများ အနေဖြင့် မိမိတို့ဝယ်ယူထား သည့်ကုန်ပစ္စည်းများနှင့်ပတ်သက်သည့် အဝယ်ဘောက်ချာ/ ပြေစာ ရယူထားရန် လိုအပ်ပြီး တစ်ဆင့် ပြန်လည်ရောင်းချ/ ဝယ်ယူသူများ အနေဖြင့်လည်း ကုန်ပစ္စည်းပြေစာ ရယူထားသင့်ကြောင်း စားသုံးသူ ရေးရာဦးစီးဌာန ဒုပြည်နယ် ဦးစီးမှူးက အကြံပြုသည်။

အရေးကြီးကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားသည့် ဆေးနှင့် ဆေးပစ္စည်း၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးအဆမတန်မြှင့်တင်ရောင်းချကြောင်း ပြစ်မှုထင်ရှားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရထောင်ဒဏ် (၆) လ မှ (၃) နှစ် ( သို့ ) ငွေ ဒဏ် (၅) သိန်းအထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  -နေဖြိုးမြင့်
ဓါတ်ပုံ - စားသုံးသူရေးရာ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~