ကျောက်မဲမြို့နယ်အတွင်း အထက(နောင်ပိန်)  ကျောင်းဝန်းအတွင်း ပေါက်ကွဲသံကြားရပြီးနောက် အနီးဝန်းကျင် လမ်းသွားလမ်းလာများကို စစ်ဆေးနေ

ကျောက်မဲမြို့နယ်အတွင်း အထက(နောင်ပိန်)  ကျောင်းဝန်းအတွင်း ပေါက်ကွဲသံကြားရပြီးနောက် အနီးဝန်းကျင် လမ်းသွားလမ်းလာများကို စစ်ဆေးနေ
ဇွန် 11, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်အနီးတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ ည (၈) နာရီဝန်းကျင်က ပေါက်ကွဲသံကြားရပြီး ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို မသိရသေးကြောင်း သိရသည်။



ပေါက်ကွဲမှုဖြစ်ပွားရာ ကျောင်းဝန်းအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲများက စစ်ဆေးနေသည်ဟု သိရပြီး အဆိုပါ ကျောင်းနှင့်အနီးတစ်ဝိုက် လမ်းတွင် သွားလာနေသူများအား အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲအဖွဲ့က တားဆီးစစ်ဆေးနေသည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးပါ။



အဆိုပါ စာသင်ကျောင်းကို COVID 19 ထိန်းချုပ်ရေးအတွက် Quarantine Center အဖြစ် အသုံးပြုခဲ့ဖူးသော်လည်း စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအားလုံးကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ အဆိုပါကျောင်းမှ Quarantine Center မှာလည်း ပိတ်သိမ်းထားခဲ့ခြင်းဖြစ်သည်။