နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများနှင့် ပစ်ချခံရသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်အပိုင်းအစများကို တွေ့ရှိ

နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများနှင့် ပစ်ချခံရသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်အပိုင်းအစများကို တွေ့ရှိ
ဇန်နဝါရီ 28, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများနှင့် ပစ်ချခံရသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် အပိုင်းအစများကို တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူများကြောင့် နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ ဘုရားများ ပျက်စီးသွားသည်ဟု ဆိုသည်။

လက်ရှိတွင် ဒေသခံများ ပြန်လည်ဝင်ရောက်နေပြီဖြစ်ပြီး KIA တပ်များကလည်း ‌နမ့်ဖတ်ကာကို ထိန်းချုပ်ထားသည်ဟု သိရသည်။

နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ စခန်းများအား KIAမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၉)ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ရဲစခန်း၊ ခလရ(၄၅)ရှေ့တန်းစခန်း၊ ခလရ(၁၂၃) လုံခြုံရေးကာကင်းစခန်း (၄)ခုအထက်ကို KIAက သိမ်းယူခဲ့ကာ ခလရ(၁၂၃)တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ခလရ(၁၂၃) အထိုင်တပ်ရင်းသည် ရဟတ်ယာဥ်ကွင်း (၂)ခုပါရှိပြီး စစ်ကောင်စီတပ်ဘက်က စခန်းမကျစေရေး လေကြောင်းမှ ပစ်ကူပေးခဲ့ရာ တိုက်လေယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency