ကယားပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ဧပြီလ(၁၈)ရက်နေ့က စ၍ ညမထွက်ရ အမိန့်ထုတ်ထား

ကယားပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ဧပြီလ(၁၈)ရက်နေ့က စ၍ ညမထွက်ရ အမိန့်ထုတ်ထား
ဧပြီ 18, 2020
By Tachileik News Agency

ကယားပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ဧပြီလ(၁၈)ရက်နေ့က စ၍ ညမထွက်ရ အမိန့်ထုတ်ထား

ကယားပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့မှစ၍ ညမထွက်ရအမိန့်ကို ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာမြို့နယ်အသီးသီးက ထုတ်ပြန်လိုက်ပြီဖြစ်သည်။

လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်တို့တွင်လည်းကောင်း၊ ဘောလခဲခရိုင်အတွင်းရှိ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသီးသီးက ညမထွက်ရအမိန့်များကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး နောက်ထပ်အမိန့်မထုတ်ပြန်မီအထိ တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင်းမြို့နယ်အသီးသီးတွင် နေ့စဉ် ည(၁၀)နာရီမှ နံနက် (၄)နာရီအထိ ပြင်ပထွက်ခွာခြင်းမပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့် ယာဉ်နှင့် လူပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ နေ့ခင်းဘက်တွင် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက လူ(၅)ဦးနှင့်အထက်မပိုစေဘဲ Mask တပ်ဆင်ပြီး ထွက်ရန်၊ ဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်မည်သူမဆို Mask တပ်ဆင်ကြရန် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်အသီးသီး၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက ဧပြီလ (၁၈)ရက်နေ့တွင် အသီးသီးထုတ်ပြန်ထားသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~