ရန်ကုန်တိုင်းဒေသကြီးမှ တဆင့် ရှမ်းပြည်နယ်အတွင်းသို့ လေကြောင်း နှင့် ကုန်းကြောင်းခရီးများဖြင့် ဝင်ရောက်လာသူများ (၂၈) ရက် Home Quarantine ခံယူရမည်

ရန်ကုန်တိုင်းဒေသကြီးမှ တဆင့် ရှမ်းပြည်နယ်အတွင်းသို့ လေကြောင်း နှင့် ကုန်းကြောင်းခရီးများဖြင့် ဝင်ရောက်လာသူများ (၂၈) ရက် Home Quarantine ခံယူရမည်
ဧပြီ 25, 2020
By Tachileik News Agency
ရန်ကုန်တိုင်းဒေသကြီးမှ တဆင့် ရှမ်းပြည်နယ်အတွင်းသို့  လေကြောင်း နှင့် ကုန်းကြောင်းခရီးများဖြင့် ဝင်ရောက်လာသူများ (၂၈) ရက် Home Quarantine ခံယူရမည်

ရန်ကုန်တိုင်းဒေသကြီး တဆင့် ရှမ်းပြည်နယ်သို့  လေကြောင်း နှင့် ကုန်းကြောင်းခရီးများဖြင့် လာရောက်သူများကို နေအိမ်တွင် (၂၈)ရက် အသွားအလာကန့်သတ်  ထားရှိရန် ခရိုင်အုပ်ချုပ်ရေးမှူးများအား ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့မှစ၍  အကြောင်းကြားထားပြီဖြစ်ကြောင်း  သိရသည်။

 ဒီနေ့ ကတ်ဘိနက်အစည်းအဝေးမှာ တရားဝင်တော့ ပြောလိုက်ပြီ။ ဒါပေမဲ့ စာတော့မထုတ်ဘူး။  ဒါက ခွဲခြားဆက်ဆံမှုလည်း မဖြစ်အောင် ရောဂါကူးစက်မှုလည်း ထိန်းချုပ်နိုင်အောင် လုပ်နိုင်ဖို့ ခရိုင်တွေအားလုံး ခရိုင်အုပ်ချုပ်ရေးမှူးအားလုံးကိုတော့ မှာလိုက်ပြီ။ လေဆိပ်တင်မဟုတ်ဘူး ကားလမ်း ကဝင်တာတွေပါ ပါတယ်။ ဝန်ထမ်းတွေကတော့ ပြန်လာရင် Quarantine ဝင်ရတာကတော့ လုပ်နေပြီးသား။ အများပြည်သူအတွက်ကတော့ ရန်ကုန်ကလာတယ်ဆိုရင် (၂၈) ရက် Home Quarantine လုပ်ဖို့ပါ။ လားရှိုးကတော့ လေဆိပ်ကနေဝင်လာသူတွေကို Facilities Quarantine ထားနေတယ်။ လွန်ခဲ့တဲ့ (၃)ရက်လောက်ကတည်းက စနေတယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး  ဒေါက်တာမျိုးထွန်းက ဧပြီလ (၂၄)ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် COVID 19 အတည်ပြုလူနာ အများစုကို ရန်ကုန်မြို့၌ တွေ့ရှိရခြင်းဖြစ်သဖြင့်  ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး အမိန့်ညွှန်ကြားချက်ထုတ်ခြင်းအစား လူထုအား မေတ္တာရပ်ခံသည့်နည်းလမ်းဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို ပြောထားပါပြီ။ ညွှန်ကြားတာထက် လူထုအနေနဲ့ လိုက်နာလုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံလုပ်ဆောင်သွားဖို့ပါ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ဆေးကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၁၃၀) ဦးအနက် (၁၀၇)ဦးမှာ ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတို့တွင် ရှိနေပြီး ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ (၇)ဦးရှိသည့်အနက် (၃)ဦးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~