ရှမ်း - ကယားနယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်အတူ လေကြောင်း ပစ်ခတ်မှုများကြောင့် မိုးဗြဲမြို့မှ ပြည်သူပိုင်နေအိမ်များစွာ ပျက်စီး ဆုံးရှုံး

Photo: KNDF - Pekhon Zone
Photo: KNDF - Pekhon Zone
ရှမ်း - ကယားနယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်အတူ လေကြောင်း ပစ်ခတ်မှုများကြောင့် မိုးဗြဲမြို့မှ ပြည်သူပိုင်နေအိမ်များစွာ ပျက်စီး ဆုံးရှုံး
ဖေဖော်ဝါရီ 20, 2022 | ရှမ်းတောင်

ရှမ်း - ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနှင့် မိုးဗြဲတို့တွင် စစ်ကောင်စီတပ်နှင့်  တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားသည်မှာ (၅) ရက်မြောက်ရှိလာပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်အတူ လေကြောင်း ပစ်ခတ်မှုများကြောင့်  ပြည်သူပိုင်နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။

 

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လွိုင်ကော်မြို အမြောက်တပ်၊ ဖယ်ခုံမြို့ စကခ ၇ တပ်၊ မိုးဗြဲမြို့ ၄၂၂ တပ်၊ ဒီးမော့ဆို၊ ငွေတောင် ၄၂၇ တပ်များမှ လက်နက်ကြီးများဖြင့် မိုးဗြဲမြို့ရှိ ကျေးရွာများအား နေ့စဉ်ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

ဒါ့အပြင် ဖေဖော်ဝါရီလ(၁၇)မှစတင်ကာ လေကြောင်းဖြင့် မိုးဗြဲမြို့၊ ကျေးရွာများအတွင်း ပစ်ခတ်မှုများကြောင့်လည်း ပြည်သူပိုင်နေအိမ်များ ပျက်စီးခဲ့ရသည်။ 

 

စစ်ကြောင်းချီတက်ရာတွင်ပါဝင်သည့် တင့်ကားများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။ 

ပုံအညွှန်း  - မိုးဗြဲမြို့ ဝါရီဆူပလိုင်ကျေးရွာတွင်း နေအိမ်များ ဖျက်ဆီးခံရပုံ