ကျောက်မဲမြို့တွင် covid-19 ကာကွယ်ရေးပြင်ဆင်မှု (A)အဆင့်ရ အထက်တန်းကျောင်းပေါင်း (၃)ကျောင်းသာ ဖွင့်ခွင့်ရ

ကျောက်မဲမြို့တွင် covid-19 ကာကွယ်ရေးပြင်ဆင်မှု (A)အဆင့်ရ အထက်တန်းကျောင်းပေါင်း (၃)ကျောင်းသာ ဖွင့်ခွင့်ရ
ဇူလိုင် 21, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် covid-19 ကာကွယ်ရေးပြင်ဆင်မှု (A)အဆင့်ရ အထက်တန်းကျောင်းပေါင်း (၃)ကျောင်းသာ ဖွင့်ခွင့်ရ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်ရှိ အစိုးရ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း (၁၅)ခုအနက် Covid-19 ကာကွယ်ရေးပြင်ဆင်ထားမှု A အဆင့်ရှိသည့်အစိုးရ အထက်တန်းကျောင်း (၁)ကျောင်းနှင့်  ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ကျောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခွင့်ရထားကြောင်း သိရသည်။

အထက်တန်းကျောင်းတွေထဲက အထက(၁)နဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းထဲက ကျောင်း (၂) ကျောင်းက ဒီနေ့ ဖွင့်ခွင့်ရတယ်။ အခြေခံပညာသင်ကျောင်းတွေအားလုံးအတွက် Covid-19 ကာကွယ်ရေးအစီအမံတွေအဖြစ် အချက်ပေါင်း(၇၉) ချက်ကို သတ်မှတ်ပေးထားပါတယ်။ အဲဒီထဲကမှ အပြည့်စုံဆုံးကို A အဆင့် အဖြစ် သတ်မှတ်ပြီး အရင်ဆုံးဖွင့်ခွင့်ပေးတာဖြစ်ပါတယ်

ဟု ကျောက်မဲမြို့နယ်ပညာရေးမှူး ဦးကျော်ရွှေ က တာချီလိတ်သတင်းအေဂျင်စီ သို့ ဇူလိုင် (၂၁) ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့နယ်တစ်ခုလုံးတွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ (၅) ကျောင်း နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်းရှိသည့်အနက် အမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပြင်ဆင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

အထက်တန်းကျောင်းများ မဖွင့်လှစ်မီ Covid-19 ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှုများကို မြို့နယ်ပညာရေးဌာနနှင့် သက်ဆိုင်ရာဌာနတို့က လိုက်လံ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး  အဆင့် A မရသည့်ကျောင်းများကို လိုအပ်ချက်များ ထပ်မံဖြည့်ဆည်းပြင်ဆင်ပြီးမှ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့်များကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးကာ တစ်လစောင့်ကြည့်ပြီးမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း နေဖြိုးမြင့်
ဓါတ်ပုံ - Myo Win


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~