တာချီလိတ်ခရိုင်အတွင်း COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ကျပ်သိန်းပေါင်း (၁၄၀)ကျော် တန်ဖိုးရှိ ငွေသား နှင့် အထောက်အကူပစ္စည်းများကို အသင်းအဖွဲ့ နှင့် လုပ်ငန်းရှင်များက လှူဒါန်း

တာချီလိတ်ခရိုင်အတွင်း COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ကျပ်သိန်းပေါင်း (၁၄၀)ကျော် တန်ဖိုးရှိ ငွေသား နှင့် အထောက်အကူပစ္စည်းများကို အသင်းအဖွဲ့ နှင့် လုပ်ငန်းရှင်များက လှူဒါန်း
မတ် 23, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ကျပ်သိန်းပေါင်း (၁၄၀)ကျော် တန်ဖိုးရှိ ငွေသား နှင့် အထောက်အကူပစ္စည်းများကို အသင်းအဖွဲ့ နှင့် လုပ်ငန်းရှင်များက လှူဒါန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် (COVID - 19) ဖြစ်ပွားမှုထိန်းချုပ်သည့်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေနှင့် ဆက်စပ်ပစ္စည်းများကို တာချီလိတ်မှ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက  တာချီလိတ်ခရိုင် အဆုတ်ရောင်ရောဂါ (COVID 19) ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီထံ လှူဒါန်းကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ရန်ပုံငွေနှင့် ဆက်စပ်ပစ္စည်းများကို အ.ထ.က (တာချီလိတ်) ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့၊ တာချီလိတ် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ထာဝရအလင်းသစ်ကုမ္ပဏီနှင့် နိုင်ငံ့ဝန်ထမ်းဟောင်းများအသင်းတို့မှ လှူဒါန်းကြခြင်းဖြစ်သည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အ.ထ.က (တာချီလိတ်) ကျောင်းသူကျောင်းသားများအဖွဲ့က ကျပ် (၆,၅၃၀,၀၀၀)တန်ဖိုးရှိ Patient Monitor စက်နှင့် ဆက်စပ်ပစ္စည်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)က ကျပ်သိန်း (၅၀)၊ ဒေါ်လေးမေရော် မိသားစုက  ကျပ်သိန်း (၂၀)ကျော် တန်ဖိုးရှိ PPE ဝတ်စုံ နှင့် mask များ၊  နိုင်ငံ့ဝန်ထမ်းဟောင်းများ( မြို့ပြ)အသင်းက ကျပ် (၅)သိန်း အသီးသီးလှူဒါန်းကြရာတွင် တာချီလိတ်ခရိုင် အဆုတ်ရောင်ရောဂါ (COVID 19) ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က လက်ခံရယူသည်။

တာချီလိတ်ခရိုင်အတွင်း အဆုတ်ရောင်ရောဂါ (COVID 19) ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ပူးပေါင်းကူညီလိုသူများအနေဖြင့် ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~