ကျိုင်းတုံ - မိုင်းဖြတ် လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်အား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး

ကျိုင်းတုံ - မိုင်းဖြတ် လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်အား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး
ဖေဖော်ဝါရီ 8, 2020
By Tachileik News Agency

ကျိုင်းတုံ - မိုင်းဖြတ် လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်အား ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်အတွင်း ကျိုင်းတုံ - မိုင်းဖြတ်လမ်းတွင် ခရီးသည်တင် ယာဉ်အား ဆိုင်ကယ်မှ ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူမှာ သေဆုံးပြီး နောက်လိုက်မှာ ဒဏ်ရာရရှိသွားမှု ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ နေ့လည်(၁၁)နာရီ (၄၅)မိနစ်ဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့်  ခရီးသည်တင် ယာဉ်တစ်စီးကို မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်က လမ်းအကွေ့တွင် မော်တော်ယာဉ်၏ ဦးခေါင်းဘေး ဝဲဘက်ထောင့်ကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အိုက်တစ်နှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အိုက်ခေ (ခ) အိုက်ထောင်းနော်တို့တွင် ဒဏ်ရာများရသွားကြသဖြင့် မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်းက မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ နေ့လယ် (၁၂)နာရီအချိန်တွင် ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူ အိုက်တစ်မှာ မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် အိုက်ခေ(ခ) အိုက်ထောင်းနော်ကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးထားရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ကားမောင်းသူနှင့် ဆိုင်ကယ်မောင်းသူများဖြစ်သည့်  မော်တော်ယာဉ်မောင်း စိုင်းဝန်းမီးနှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူ အိုက်တစ်(သေဆုံး)တို့ နှစ်ဦးအား  မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄ က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ကိုသာ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~