လာအိုနိုင်ငံမှ Covid-19 စစ်ဆေးပြီးသည့် မြန်မာနိုင်ငံသား (၄၆) ဦး တာချီလိတ်မှတစ်ဆင့် နေရပ်ပြန်

လာအိုနိုင်ငံမှ Covid-19 စစ်ဆေးပြီးသည့် မြန်မာနိုင်ငံသား (၄၆) ဦး တာချီလိတ်မှတစ်ဆင့် နေရပ်ပြန်
စက်တင်ဘာ 30, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ Covid-19 စစ်ဆေးပြီးသည့် မြန်မာနိုင်ငံသား (၄၆) ဦး တာချီလိတ်မှတစ်ဆင့် နေရပ်ပြန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းသို့ လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းမှတစ်ဆင့် နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၄၆) ဦးကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၌ လက်ခံပြီး နေရပ်အသီးသီးသို့ စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးထားသည်။
လာအိုနိုင်ငံဘက်မှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို လာအိုဘက်၌ COVID 19 စစ်ဆေးသည့်အဖြေတွင် ပိုးကင်းစင်ကြောင်းဓာတ်ခွဲအဖြေရမှ မြန်မာဘက်သို့ ပြန်လွှဲပေးနေခြင်းဖြစ်ပြီး စက်တင်ဘာလ (၂၄) ရက်နေ့ကလည်း နေရပ်ပြန် မြန်မာ (၅၄)ဦးကို လွှဲပြောင်းပေးထားပြီးဖြစ်သည်။
ယနေ့ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၄၆) ဦးတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ (၈) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁)ဦး၊ နေပြည်တော်မှ (၉)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၈)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၅)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦးနှင့် ပဲခူးတိုင်းဒေသကြီးမှ (၄)ဦးတို့ ပါဝင်ခြင်းဖြစ်သည်။
လာအိုဘက်မှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများကို ဝမ်ပုံဆိပ်ကမ်း၌ နိုင်ငံသားစိစစ်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် စီစဉ်ပေးထားသည့်မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးပြန်နိုင်ရန် ပို့ဆောင်ပေးထားခြင်းဖြစ်သည်။
လာအိုနိုင်ငံရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများသည် COVID 19 ကာလအတွင်း နေရပ်ပြန်လာကြရာ ယခင်က နှစ်နိုင်ငံချိတ်ဆက်၍ နိုင်ငံသားစိစစ်ပြန်လည်လက်ခံနေခြင်းဖြစ်သော်လည်း လာအိုပြန်တစ်ဦးတွင် COVID 19 ပိုးတွေ့ရပြီးနောက် လာအိုနိုင်ငံက နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအား COVID 19 စစ်ဆေးပြီးမှသာ နေရပ်ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~