တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးတိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးတိုး
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်း၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးတိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၁၁)နာရီ မိနစ် (၁၁) အချိန်ထိ အတည်ပြုလူနာ စုစုပေါင်း (၈)ဦးတွေ့ရှိထားပြီဖြစ်ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်။
ထပ်တိုးလာသည့် အတည်ပြုလူနာ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၈)ဦး ထပ်တိုးလာသဖြင့် ဒီဇင်ဘာလ (၁)ရက်နေ့ နေ့လယ် (၁၁)နာရီအထိ တာချီလိတ်တွင် အခြားဒေသမှ လာသည့် အတည်ပြုလူနာ (၃)ဦး အပါအဝင် အတည်ပြုလူနာ စုစုပေါင်း (၄၂)ဦးအထိ တိုးလာပြီဖြစ်သည်။
လက်ရှိအချိန်တွင် အဆိုပါ အတည်ပြုလူနာများ၏ နေရပ်လိပ်စာ နှင့် ထိတွေ့သူများကို မေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။
တာချီလိတ်တွင် COVID 19 ဒေသတွင်းကူးစက်မှုကို နိုဝင်ဘာလ (၂၅) ရက်နေ့၌ စတင်တွေ့ရှိရပြီးနောက် ဒီဇင်ဘာလ (၁)ရက်နေ့အထိ ဒေသတွင်းကူးစက်မှုအဖြစ်တွေ့ရသည့် အတည်ပြုလူနာ (၃၉)ဦးရှိပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~