တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ ကျိုင်းတုံမြို့သို့ အလည်အပတ်နှင့် ဈေးဝယ်လာသူများကို လာခွင့်မပြုသေး၊ အလုပ်ကိစ္စဖြင့်လာသူများ ရပ်ကွက်ထောက်ခံစာလိုအပ်ပြီး facility Quarantine ဝင်ရမည်

တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ ကျိုင်းတုံမြို့သို့ အလည်အပတ်နှင့် ဈေးဝယ်လာသူများကို လာခွင့်မပြုသေး၊ အလုပ်ကိစ္စဖြင့်လာသူများ ရပ်ကွက်ထောက်ခံစာလိုအပ်ပြီး facility Quarantine ဝင်ရမည်
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ ကျိုင်းတုံမြို့သို့ အလည်အပတ်နှင့် ဈေးဝယ်လာသူများကို လာခွင့်မပြုသေး၊ အလုပ်ကိစ္စဖြင့်လာသူများ ရပ်ကွက်ထောက်ခံစာလိုအပ်ပြီး facility Quarantine ဝင်ရမည်
တာချီလိတ်မြို့တွင် COVID 19 ပိုးတွေ့လူနာတိုးလာနေသည့်အတွက် တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ ကျိုင်းတုံမြို့သို့ အလည်အပတ်ဖြစ်စေ ဈေးဝယ်လာသည်ဖြစ်စေ လက်ခံတော့မည်မဟုတ်ဘဲ နေရပ်ပြန်သူနှင့် အလုပ်ကိစ္စဖြင့် လာသူများအနေဖြင့် မည်သည့် အလုပ်အကိုင် လုပ်ကိုင်ကြောင်း ရပ်ကွက်ထောက်ခံစာလိုအပ်သည့် အပြင် facility Quarantine ဝင်ရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့၌ ကျိုင်းတုံတာဝန်ရှိသူများက ဆုံးဖြတ်လိုက်သည်။
"တာချီလိတ်ကလာတယ်ဆိုရင် ဈေးဝယ်တို့၊ အလည်အပတ်တို့ လက်မခံဘူး။ အလုပ်တို့၊ ကိုယ့်နေရာကိုယ်ပြန်တာတို့ဆိုရင် facility quarantine ဝင်ရမယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ပတ်သက်လို့ တိတိကျကျဖေါ်ပြတဲ့ ရပ်ကွက် ထောက်ခံချက်လိုတယ်။ ရပ်ကွက်ရုံးက ထောက်ခံချက်လုပ်ပေးတဲ့အခါမှာ အလုပ်အကိုင် အတိအကျဖေါ်ပြပေးရမယ်။ ဥပမာ သူက ဖျော်ဖြေရေးလုပ်ငန်းမှာပဲလုပ်လုပ်၊  KTV မှာလား ရပ်ကွက်ကတော့ အဲဒါလေးကိုတော့ တိတိကျကျ ဖေါ်ပြပေးရမယ်။ အဲဒီတော့ ရပ်ကွက်ထောက်ခံစာတစ်ခုပဲလိုတယ်။ ကျန်းမာရေးထောက်ခံချက်ကတော့ မလိုဘူး။"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းဘက်မှလာသည့် ခရီးသွားများကို ကန့်သတ်လိုက်သော်လည်း ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းများအတွက် ယခင်သတ်မှတ်ချက်များအတိုင်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
"ကုန်တင်ကားတွေကတော့ နဂိုသတ်မှတ်ထားတဲ့အတိုင်းပေါ့။ ကျန်းမာရေးစစ်ဆေးတဲ့ ထောက်ခံချက်စစ်ပြီး သွားလာရမယ်။ တစ်ခုကတော့ ကားလေးတွေ ကျိုင်းတုံကို နေ့ချင်းပြန် ပစ္စည်းလာချပြီးပြန်မယ်ဆိုရင် ခွင့်ပြုမယ်။ အဲဒါကိုတော့ ပစ္စည်းလက်ခံမယ့် ကုန်တိုက်သော်လည်းကောင်း၊ ဈေးဆိုင်သော်လည်းကောင်း၊ ပွဲရုံသော်လည်းကောင်း သူတို့က တာဝန်ယူရမယ်။ ဒီကားက ဝင်သွားတယ်။ နေ့ချင်းပြန် ထွက်မသွားဘူးဆိုရင် သွားပို့သူရော၊ လက်ခံသူကိုရော အရေးယူမယ်။ ဂိတ်က ကားအဝင်အထွက်ကို မှတ်တမ်းယူထားမယ်။"ဟု ရှမ်းပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က  ပြောသည်။
ယင်းအပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်ပြန်ရန် ကျိုင်းတုံမှ ဖြတ်သန်းသွားမည့်သူများအနေဖြင့် ကျိုင်းတုံတွင် စာရင်းရယူထားမည်ဖြစ်ပြီး ကျိုင်းတုံသို့ လာရောက်သူအားလုံး facility quarantine (၁၄) ရက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ကိုဇောင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~