မိုင်းတုံမြို့တွင် ထိုင်း၊ မန္တလေးနှင့် နေပြည်တော်မှ ပြန်လာသူ (၁၃)ဦးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထား

မိုင်းတုံမြို့တွင် ထိုင်း၊ မန္တလေးနှင့် နေပြည်တော်မှ ပြန်လာသူ (၁၃)ဦးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထား
စက်တင်ဘာ 26, 2020
By Tachileik News Agency


မိုင်းတုံမြို့တွင် ထိုင်း၊ မန္တလေးနှင့် နေပြည်တော်မှ ပြန်လာသူ (၁၃)ဦးကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Facility Quarantine ထားရှိသူ (၁၃) ဦး၏ ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ညပိုင်းက ရယူပို့ဆောင်ထားကြောင်း သိရသည်။
"ထိုင်းက ပြန်လာတဲ့သူတွေရယ်၊ မန္တလေးတို့ နေပြည်တော်တို့က ပြန်လာတဲ့သူတွေရယ်ကို Quarantine ထားထားတာပါ"ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံမှ ပြန်လာသူများ၊ မန္တလေးနှင့် နေပြည်တော်မှ ပြန်လာသူ စုစုပေါင်း (၁၃)ဦးအား အထက(မိုင်းတုံ)၊ အထက(နားကောင်းမူး)နှင့် အထက(ပုံပါကျင်)တို့တွင် ဖွင့်လှစ်ထားသည့် Facility Quarantine စင်တာ၌ ထားရှိခြင်းဖြစ်ပြီး ဓာတ်ခွဲနမူနာများကို ကျိုင်းတုံမြို့မှတစ်ဆင့် သက်ဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဝင်းဝင်းခိုင်(မိုင်းတုံ)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~