တာခ်ီလိတ္၌ က်င္းပသည့္ လူသစ္တန္းကာယဗလေမာင္ၿပိဳင္ပြဲတြင္ ၿပိဳင္၀င္ (၁၁)ဦး အနက္ (၃)ဦးကို ဆုေရြးခ်ယ္ခ်ီးျမႇင့္

တာခ်ီလိတ္၌ က်င္းပသည့္ လူသစ္တန္းကာယဗလေမာင္ၿပိဳင္ပြဲတြင္ ၿပိဳင္၀င္ (၁၁)ဦး အနက္ (၃)ဦးကို ဆုေရြးခ်ယ္ခ်ီးျမႇင့္
ဇူလိုင် 21, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ မိုးလံုေလလံုအားကစား႐ံုတြင္ လူသစ္တန္း ကာယဗလေမာင္ၿပိဳင္ပြဲအား ပထမဆံုးအျဖစ္  ၂၀၁၉ ခုႏွစ္ ဇူလိုင္လ(၂၁)ရက္ေန႔ ည(၆)နာရီက စ၍ က်င္းပျပဳလုပ္ခဲ့ၿပီး ၿပိဳင္ပြဲ၀င္ (၁၁)ဦး အနက္ (၃)ဦးအား ဆုေရြးခ်ယ္ခ်ီးျမႇင့္ခဲ့ၾကသည္။

"ပထမဆံုးဆိုတာ မိုးလံုေလလံုခန္းမမွာေပါ့။ ၂၀၀၆ ခုႏွစ္က ေအာင္ျမတ္ခန္းမမွာ က်င္းပခဲ့တယ္။ ဒီအားကစားခန္းမမွာ၂၀၀၅ ခုႏွစ္မွာ က်င္းပခဲ့တယ္။ ဒီအားကစားခန္းမမွာ ျပန္က်င္းပတာက (၁၅)ႏွစ္အတြင္းမွာ ပထမဆံုးလို႔ ေျပာရမွာေပါ့။ သူတို႔ ကစားေပမယ့္ ၿပိဳင္ပြဲမရိွေတာ့ သူတို႔ေလ့က်င့္ထားတဲ့ႂကြက္သားအလွေတြ ထုတ္ျပခြင့္ မရဘူးေပါ့။ ဝါသနာပါတဲ့သူေတြက လူသစ္တန္းေလးေတာ့ က်င္းပခ်င္တယ္ဆိုေတာ့ အခုစကစားတဲ့ သူေတြကို လူသစ္တန္းေလးလုပ္ေပးတာေပါ့။ ကြၽန္ေတာ္တို႔အခု လူသစ္တန္းက ၿပိဳင္ပြဲမဝင္ဘူးေသးတဲ့သူေတြအတြက္ လုပ္ေပးတာေပါ့။ တိုင္းနဲ႔ျပည္နယ္က်ေတာ့ (၂၅)ႏွစ္ေအာက္တို႔ အသက္ကန္႔သတ္ခ်က္ေတြ ရိွတာေပါ့။ ဒီထဲမွာ အလားအလာရိွတဲ့ကေလးေတြ ေတြ႕ရတာေပါ့။ တိုင္းနဲ႔ျပည္နယ္အတြက္လည္း အလားအလာေကာင္းပါတယ္"ဟု တာခ်ီလိတ္ခ႐ိုင္ အားကစားႏွင့္ကာယပညာဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လူသစ္တန္းကာယဗလေမာင္ၿပိဳင္ပြဲသို႔ အားကစားသမား (၁၁)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ပထမဆုကို ခါးနံပတ္ (၁၀)ေဝေအာင္ၿဖိဳး က လည္းေကာင္း၊ ဒုတိယဆုကို ခါးနံပတ္ (၂ )ျမတ္ကို က လည္းေကာင္း၊ တတိယဆုကို ခါးနံပတ္(၉) ေအာင္လ က လည္းေကာင္း အသီးသီး ရရွိသြားၿပီးေနာက္ တာ၀န္ရွိသူမ်ားက ဆုမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အလြတ္တန္း ကာယဗလေမာင္ၿပိဳင္ပြဲကို ခရိုင္အားကစားႏွင့္ကာယပညာဦးစီးဌာန၊ Johnny Fitness Center၊  BP Fitness၊ မိုးေသာက္ၾကယ္ မိသားစု၊ Kyaing Tong Fitness Center၊ Fitness & Gym တို႔မွ ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း  - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မိုးလုံလေလုံအားကစားရုံတွင် လူသစ်တန်း ကာယဗလမောင်ပြိုင်ပွဲအား ပထမဆုံးအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ ည(၆)နာရီက စ၍ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် (၁၁)ဦး အနက် (၃)ဦးအား ဆုရွေးချယ်ချီးမြှင့်ခဲ့ကြသည်။

"ပထမဆုံးဆိုတာ မိုးလုံလေလုံခန်းမမှာပေါ့။ ၂၀၀၆ ခုနှစ်က အောင်မြတ်ခန်းမမှာ ကျင်းပခဲ့တယ်။ ဒီအားကစားခန်းမမှာ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တယ်။ ဒီအားကစားခန်းမမှာ ပြန်ကျင်းပတာက (၁၅)နှစ်အတွင်းမှာ ပထမဆုံးလို့ ပြောရမှာပေါ့။ သူတို့ ကစားပေမယ့် ပြိုင်ပွဲမရှိတော့ သူတို့လေ့ကျင့်ထားတဲ့ကြွက်သားအလှတွေ ထုတ်ပြခွင့် မရဘူးပေါ့။ ဝါသနာပါတဲ့သူတွေက လူသစ်တန်းလေးတော့ ကျင်းပချင်တယ်ဆိုတော့ အခုစကစားတဲ့ သူတွေကို လူသစ်တန်းလေးလုပ်ပေးတာပေါ့။ ကျွန်တော်တို့အခု လူသစ်တန်းက ပြိုင်ပွဲမဝင်ဘူးသေးတဲ့သူတွေအတွက် လုပ်ပေးတာပေါ့။ တိုင်းနဲ့ပြည်နယ်ကျတော့ (၂၅)နှစ်အောက်တို့ အသက်ကန့်သတ်ချက်တွေ ရှိတာပေါ့။ ဒီထဲမှာ အလားအလာရှိတဲ့ကလေးတွေ တွေ့ရတာပေါ့။ တိုင်းနဲ့ပြည်နယ်အတွက်လည်း အလားအလာကောင်းပါတယ်"ဟု တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူသစ်တန်းကာယဗလမောင်ပြိုင်ပွဲသို့ အားကစားသမား (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို ခါးနံပတ် (၁၀)ဝေအောင်ဖြိုး က လည်းကောင်း၊ ဒုတိယဆုကို ခါးနံပတ် (၂ )မြတ်ကို က လည်းကောင်း၊ တတိယဆုကို ခါးနံပတ်(၉) အောင်လ က လည်းကောင်း အသီးသီး ရရှိသွားပြီးနောက် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလွတ်တန်း ကာယဗလမောင်ပြိုင်ပွဲကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ Johnny Fitness Center၊ BP Fitness၊ မိုးသောက်ကြယ် မိသားစု၊ Kyaing Tong Fitness Center၊ Fitness & Gym တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net