အထူးဒေသ(၄) နမ့်ပန်းဘက်က Quarantine ပြီးသည့် မြန်မာနိုင်ငံသား (၅၅၀)ကျော် နေရပ်ပြန်ရန် မိုင်းယုသို့ ဝင်ရောက်လာ

အထူးဒေသ(၄) နမ့်ပန်းဘက်က Quarantine ပြီးသည့် မြန်မာနိုင်ငံသား (၅၅၀)ကျော် နေရပ်ပြန်ရန် မိုင်းယုသို့ ဝင်ရောက်လာ
မေ 4, 2020
By Tachileik News Agency
အထူးဒေသ(၄) နမ့်ပန်းဘက်က Quarantine ပြီးသည့် မြန်မာနိုင်ငံသား (၅၅၀)ကျော် နေရပ်ပြန်ရန် မိုင်းယုသို့ ဝင်ရောက်လာ

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)မှာ Quarantine (၂၁) ရက်နေထိုင်ပြီးဖြစ်တဲ့ တရုတ်နိုင်ငံက နေရပ်ပြန် (၅၀၀)ကျော်ကို ၂၀၂၀ ခုနှစ်၊ မေလ (၄) ရက်နေ့မှာ တာချီလိတ်ခရိုင်အတွင်းထဲက မိုင်းယုမြို့ကို လွှဲပြောင်းပေးလာပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး အထူးဒေသ (၄) ဘက်ကို ပြန်ဝင်လာသူတွေကို နမ့်ပန်းဒေသမှာ Quarantine ထားရှိပြီး မိုင်းယုမြို့ဘက်ကို ပြန်လွှဲပေးရာမှာ လွှတ်တော်ကိုယ်စားလှယ်များ နဲ့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နဲ့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့မိုင်းယုမြို့အုပ်ချုပ်ရေးမှူးတို့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံပေးပြီး နေရပ်ဒေသအသီးသီး ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဒေသခံ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။

အထူးဒေသ (၄)ကနေ (၄) ကြိမ်မြောက်အဖြစ် လွှဲပြောင်းပေးလာတဲ့ (၅၅၃)ဦးမှာ ရခိုင်ပြည်နယ်ကို ပြန်မယ့်သူ (၅၅၀)ဦး ပါဝင်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အထိ ပြန်ကြမဲ့ (၅၅၀)ဦးကို   ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီးခရီးသည်တင် မော်တော်ယာဉ် (၂၃)စီးနဲ့ ဒီနေ့ မနက်ပိုင်းမှာပဲ တခါတည်း  ပို့ပေးကြတာဖြစ်ပါတယ်။၊

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကိုကိုနိုင်(မိုင်းယု)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~