ကျိုင်းတုံမြို့တွင် သံသယလူနာများ၌ Covid-19 ပိုး မတွေ့၍ မြို့မဈေးကြီး နှင့် မြို့သစ်ဈေး(အာခါဈေး)တို့ကို စက်တင်ဘာလ(၄)ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်မည်

ကျိုင်းတုံမြို့တွင် သံသယလူနာများ၌ Covid-19 ပိုး မတွေ့၍ မြို့မဈေးကြီး နှင့် မြို့သစ်ဈေး(အာခါဈေး)တို့ကို စက်တင်ဘာလ(၄)ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်မည်
စက်တင်ဘာ 2, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် သံသယလူနာများ၌ Covid-19 ပိုး မတွေ့၍  မြို့မဈေးကြီး နှင့် မြို့သစ်ဈေး(အာခါဈေး)တို့ကို စက်တင်ဘာလ(၄)ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်မည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် COVID 19 သံသယလူနာရှိသဖြင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့အထိ ယာယီပိတ်ရန် ကြော်ငြာထားသည့် ဈေးများကို တစ်ရက်စော၍ ပုံမှန်အတိုင်း COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် စက်တင်ဘာလ(၄)ရက်နေ့တွင် ပြန်လည်ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
“အရင်က (၃)ရက် ပိတ်မယ်လို့ ပြောထားတာ။ စက်တင်ဘာလ (၄)ရက်နေ့အထိပေါ့။ ဒါပေမဲ့ အခု (၃)ရက်နေ့အထိပဲ ပိတ်တော့မယ်။ (၄)ရက်နေ့ မနက်မှာ ပြန်ဖွင့်မယ်။ ပုံမှန်အတိုင်းပဲဆိုပေမဲ့ ကျန်းမာရေးက ညွှန်ကြားချက်နဲ့အညီ စနစ်တကျတော့ ပြန်လည်ဖွင့်လှစ်သွားမှာပေါ့”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂)ရက်နေ့တွင် ညပိုင်းတွင် ပြောသည်။
ကျိုင်းတုံမြို့တွင် ရန်ကုန်မှလာသူ (၂)ဦးအား COVID 19 သံသယလက္ခဏာများဖြင့် တွေ့ရ၍ ခရိုင် COVID 19 ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီ လမ်းညွှန်မှု၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့တို့၏ ညှိနှိုင်းဆုံးဖြတ်ချက်အရ စက်တင်ဘာလ (၂)ရက်နေ့မှ (၄) ရက်နေ့အထိ ကျိုင်းတုံမြို့မဈေးကြီးနှင့် အာခါဈေးတို့အား ယာယီပိတ်ကြောင်း စက်တင်ဘာလ (၁)ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် သတင်းထောက် (၂)ဦးနှင့် ထိတွေ့အဖြစ် ဓာတ်ခွဲနမူနာရယူထားသည့် မော်တော်ယာဉ်မောင်းတို့တွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့ ည(၈)နာရီတွင် အဖြေထွက်လာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~