တာချီလိတ်မြို့၏ ဇူလိုင်လ(၁၂)ရက်နေ့ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၃၆)ဦး ထပ်တိုး

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၂)ရက်နေ့ နေ့တစ်ပိုင်းအတွင်း Covid-19 ကူးစက်ခံရသူ (၃၆)ဦး ထပ်တိုး
ဇူလိုင် 12, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၁၂)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်အထိ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံထားရသူ (၃၆)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ဇူလိုင်လ(၁၁)ရက်နေ့က တစ်နေ့တည်း (၁၅)ဦးတိုးခဲ့ပြီး ယနေ့ နေ့တစ်ပိုင်းတွင် (၃၆)ဦးထပ်တိုးခဲ့ခြင်း ဖြစ်၍ တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ကူးစက်ခံထားရသူ စုစုပေါင်း ( ၃၁၇ )ဦးအထိ ရှိလာနေသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလိုင်းကာလအတွင်း ဆင့်ပွားကူးစက်မှုများအနေဖြင့် တာချီလိတ်မှ မိုင်းယောင်းနှင့် ကျိုင်းတုံမြို့သို့ ပြန်သွားသူများထံကလည်း Covid-19 ပိုးတွေ့ရှိနေရကြောင်းလည်း သက်ဆိုင်ရာမြို့များ၏ စစ်ဆေးချက်များအရ သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၃၀၀)ကျော်အထိ ရှိနေသော်လည်း ကူးစက်ခံရသူအများစုမှာ စိုးရိမ်စရာမရှိ၍ဟူဆိုကာ Mask များကို မဖြစ်မနေ တပ်ဆင်ရန်အတွင်သာ အသိပေးထားပြီး Lockdown သတ်မှတ်ခြင်း နှင့်အတူ တင်းကြပ်သည့် သတ်မှတ်ချက်များ မချမှတ်သေးကြောင်း သတင်းရင်းမြစ်များထံက သိရသည်။