တာချီလိတ်မြို့တွင် အတည်ပြုလူနာ Case 96 နေထိုင်သည့် နေအိမ်လမ်းကို အသွားအလာ ပိတ်ပင်ထား

တာချီလိတ်မြို့တွင် အတည်ပြုလူနာ Case 96 နေထိုင်သည့် နေအိမ်လမ်းကို အသွားအလာ ပိတ်ပင်ထား
ဧပြီ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အတည်ပြုလူနာ Case 96 နေထိုင်သည့် နေအိမ်လမ်းကို  အသွားအလာ ပိတ်ပင်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာနေထိုင်ရာ နေအိမ်တည်ရှိသည့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ မြတ်လေးလမ်းအား ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့မှစ၍ အသွားအလာပိတ်ပင်လိုက်ပြီဖြစ်သည်။

“အဲဒီလမ်းကို နောက်ထပ် Negative နှစ်ကြိမ်ထွက်တဲ့အထိ ပိတ်ထားမယ်လို့ ပြည်နယ်ကျန်းမာက ပြောထားပါတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြတ်လေးလမ်းရှိ နေအိမ်တွင် အသွားအလာကန့်သတ်ပြီး ဓါတ်ခွဲစစ်ဆေးထားသည့် အမျိုးသားတွင် COVID 19 ပိုးတွေ့ရကြောင်း ဧပြီလ (၁၈)ရက်နေ့ညပိုင်းက ဓါတ်ခွဲအဖြေရပြီးနောက် ဧပြီလ (၁၉)ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်၍ ကုသပေးနေခြင်းဖြစ်သည်။

အတည်ပြုလူနာနေထိုင်ရာအိမ်ရှိသည့် လမ်းတစ်လျှောက်တွင် ပိုးသတ်ဆေးဖြန်းခြင်းကို ဧပြီလ (၁၉)ရက်နေ့က ဆောင်ရွက်ထားခဲ့ပြီး အဆိုပါလမ်းမှ ဖြတ်သန်းသွားလာခြင်းကို ဧပြီလ (၂၀)ရက်နေ့တွင် စတင်ကန့်သတ်လိုက်ခြင်းဖြစ်သည်။ 

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~