တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီခွဲအထိ Covid-19 အတည်ပြုလူနာ (၃)ဦး တိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီခွဲအထိ Covid-19 အတည်ပြုလူနာ (၃)ဦး တိုး
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီခွဲအထိ Covid-19 အတည်ပြုလူနာ (၃)ဦး တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်း၌ အတည်ပြုလူနာ အမျိုးသမီး (၂)ဦးနှင့် အသက် (၇)နှစ်အရွယ် ကလေး (၁)ဦးကို ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများအနက် (၂)ဦးမှာ ယခင်နေ့က အတည်ပြုလူနာအမျိုးသမီး၏ မိခင်နှင့် သားဖြစ်သူတို့ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်းစတင်လာသည့် နိုဝင်ဘာလ (၂၂)ရက်နေ့မှစ၍  ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း (၉၆)ဦးရှိလာပြီဖြစ်ပြီး ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ဆေးရုံဆင်းလူနာ (၃၄) ဦးရှိပြီဖြစ်သည်။
အတည်ပြုလူနာများတွင် ထိုင်းနိုင်ငံဘက်ပြန်လွှဲရန် COVID 19 စစ်ထားသည့် ထိုင်းနိုင်ငံသူ (၄)ဦးလည်း ပါဝင်သည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့လာပြီး အတည်ပြုလူနာ နေ့စဉ်နီးပါးတိုးလာပြီးနောက် ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၉၆) ဦးရှိလာပြီး တောင်ကြီးသို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၁၇၀)၏ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းဆဲဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~