တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၄)ဦးတိုး

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၄)ဦးတိုး
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂)ရက်နေ့ နေ့လည်(၁၂)နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၄)ဦးတိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ COVID 19 စစ်ဆေးမှုတွင် (၄)ဦးမြောက် အတည်ပြုလူနာအဖြစ် အမျိုးသားတစ်ဦးကို စစ်ဆေးတွေ့ရကြောင်း သိရသည်။
ဆေးရုံဟောင်းရှိ fever clinic တွင် ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းအထိ လာရောက်စစ်ဆေးသူ (၄၆)ဦးအနက် အတည်ပြုလူနာ (၃)ဦးတွေ့ရပြီး အတည်ပြုလူနာနှင့်ထိတွေ့၍ တာလော့ကျောင်းတွင် အသွားအလာကန့်သတ်ထားသူများကို ဆက်လက်စစ်ဆေးနေရာ အမျိုးသားတစ်ဦး အတည်ပြုလူနာအဖြစ် ထပ်တိုးလာခြင်းဖြစ်သည်။
ဒီဇင်ဘာလ(၂)ရက်နေ့တွင် တွေ့ရသည့် အတည်ပြုလူနာအမျိုးသားမှာ မယ်ခေါင်ရပ်ကွက်က ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၂)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်အထိ အတည်ပြုလူနာ (၄) ဦးထပ်တိုးသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၅၄) ဦးရှိလာပြီဖြစ်သည်။ 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~