မိုင်းဖြတ်မြို့တွင် တာချီလိတ်က ပြန်လာသူများကို စစ်ဆေးနေရာ ဒီဇင်ဘာလ(၂)ရက်နေ့တွင် စုစုပေါင်း အမျိုးသမီးနှစ်ဦး၌ Covid-19 ပိုးတွေ့

မိုင်းဖြတ်မြို့တွင် တာချီလိတ်က ပြန်လာသူများကို စစ်ဆေးနေရာ ဒီဇင်ဘာလ(၂)ရက်နေ့တွင် စုစုပေါင်း အမျိုးသမီးနှစ်ဦး၌ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 2, 2020
By Tachileik News Agency

 

မိုင်းဖြတ်မြို့တွင် တာချီလိတ်က ပြန်လာသူများကို စစ်ဆေးနေရာ  ဒီဇင်ဘာလ(၂)ရက်နေ့တွင် စုစုပေါင်း အမျိုးသမီးနှစ်ဦး၌ Covid-19 ပိုးတွေ့

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့က စစ်ဆေးမှုအတွင်း တာချီလိတ်မှ ပြန်လာသည့် နောက်ထပ်အမျိုးသမီး (၁)ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် မိုင်းဖြတ်၌ ညနေပိုင်းအတွင် အတည်ပြုလူနာ (၂)ဦးရှိပြီဖြစ်သည်။
"မိန်းကလေး (၂)ယောက် positive တွေ့တယ်။ နှစ်ယောက်လုံးက တာချီလိတ်မြို့  ဝမ်ကျောက်လုံက ဆိုင်က ပြန်လာတာလို့ပြောတယ်"ဟု မိုင်းဖြတ်မြို့နယ် အထက်လန်းဆတ်ကျေးလက်ကျန်းမာရေးဌာန၊ လက်ထောက်ကျန်းမာရေးမှူး ဦးကြည်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မှ မိုင်းဖြတ်သို့ ပြန်လာသည့် အသက် (၁၇)နှစ်နှင့် (၁၈)နှစ်အရွယ် အမျိုးသမီး (၂)ဦး၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်ပြီး ၎င်းတို့အား မိုင်းဖြတ်ပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်သည်။
Tachileik News Agency 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~