တာချီလိတ် နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သူများ အပါအဝင် ရှမ်း(ရှေ့)မှ (၂၄)ဦး covid 19 ပိုးမတွေ့တာချီလိတ် နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သူများ အပါအဝင် ရှမ်း(ရှေ့)မှ (၂၄)ဦး covid 19 ပိုးမတွေ့

တာချီလိတ် နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သူများ အပါအဝင် ရှမ်း(ရှေ့)မှ (၂၄)ဦး covid 19 ပိုးမတွေ့တာချီလိတ် နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သူများ အပါအဝင် ရှမ်း(ရှေ့)မှ (၂၄)ဦး covid 19 ပိုးမတွေ့
ဧပြီ 24, 2020
By Tachileik News Agency
တာချီလိတ် နှင့် မိုင်းဖြတ်တို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သူများ အပါအဝင် ရှမ်း(ရှေ့)မှ (၂၄)ဦး covid 19 ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဖြတ်မှ အတည်ပြုလူနာများဖြင့်  လေယာဉ်အတူ  စီးနင်းလာသူများ အပါအဝင် ရှမ်းရှေ့မြို့ပေါင်း (၆)မြို့မှ ဓါတ်ခွဲပို့စစ်ထားသူ အားလုံးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိသည်။

“ရှမ်းအရှေ့ ဓါတ်ခွဲ (၂၄)ဦးလုံး Negative ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ၊ တာလေ၊ မိုင်းယန်းနှင့် မိုင်းပျဉ်းတို့မှ COVID 19 ဓါတ်ခွဲနမူနာ (၂၄)ခုကို ပို့စစ်ထားခြင်းဖြစ်သည်။

တာချီလိတ်မြို့မှ ပထမဆုံး အတည်ပြုလူနာ (Case 96)နှင့် ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့် လေယာဉ်တွင် လိုက်ပါလာသူ(၁၀)ဦး၊ မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (Case 64)နှင့် ရန်ကုန်မှ - ကျိုင်းတုံသို့ စီးနင်းလာသည့် လေယာဉ်တွင် လိုက်ပါလာသူများထဲက စစ်ဆေးရန် ကျန်သူ (၁)ဦး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယန်းတို့မှ စောင့်ကြည့်လူနာများ၊ မိုင်းယန်း၊မိုင်းပျဉ်းတို့မှ Facilities Quarantine ထားရှိသူများနှင့် ကျိုင်းတုံ ဆေးရုံတွင်အသွားအလာကန့်သတ်ထားသူ (၁)ဦးတို့၏ ဓါတ်ခွဲနမူနာများကို ပို့စစ်ထားခြင်းဖြစ်ရာ ရောဂါပိုး မတွေ့ရှိရခြင်း ဖြစ်သည်။

အတည်ပြုလူနာ (Case 96) နှင့် လေယာဉ်အတူစီးလာသည့် မိုင်းဆတ်မြို့မှ (၁)ဦး၏ ဓါတ်ခွဲအဖြေမှာ ဧပြီလ (၂၄)ရက်နေ့၌ ထွက်ရှိလာမည်ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဧပြီလ (၂၄)ရက်နေ့အထိ အတည်ပြုလူနာ (၃)ဦးတွေ့ရှိထားပြီဖြစ်ပြီး လူနာအားလုံးကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~