မယ်ဆိုင်မြို့တွင် မေလ(၁၁)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၉)ဦး ထပ်တိုး

မယ်ဆိုင်မြို့တွင် မေလ(၁၁)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၉)ဦး ထပ်တိုး

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်  ၂၀၂၁ခုနှစ် မေလ(၁၁)ရက်နေ့ နံနက်ပိုင်း စစ်ဆေးချက်အရ Covid-19 အတည်ပြုလူနာ (၉)ဦး ထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၁၆၉)ဦးရှိနေပြီဖြစ်ကြောင်း မယ်ဆိုင်ကျန်းမာရေးက  သတင်းထုတ်ပြန်ထားရှိသည်။

 

အတည်ပြုလူနာ (၁၆၉)ဦးရှိသည်အနက် (၁၁၈)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံကနေ နေအိမ်သို့ ပြန်ခွင့်ရသွားပြီဖြစ်သော်လည်း ဆက်လက်ကုသနေသူမှာ (၅၀)ဦးရှိပြီး သေဆုံးသူမှာ (၁)ဦးရှိသည်။

 

မယ်ဆိုင်မြို့တွင် Covid-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ် - မယ်ဆိုင် နယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းတစ်လျှောက် ညပိုင်းများတွင်ပါ ထိုင်းစစ်တပ် နှင့် ရဲများ ပူးပေါင်းပြီး စစ်ဆေးမှုများကို နေ့စဉ် လုပ်ဆောင်နေလျှက်ရှိကြောင်း သိရှိရသည်။

 

Tachileik News Agency