ရှမ်းပြည်နယ်အတွင်း အတည်ပြုလူနာ (၇)ဦးမြောက်အဖြစ် မူဆယ်မြို့တွင် စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်အတွင်း အတည်ပြုလူနာ (၇)ဦးမြောက်အဖြစ် မူဆယ်မြို့တွင် စစ်ဆေးတွေ့ရှိ
ဧပြီ 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း အတည်ပြုလူနာ (၇)ဦးမြောက်အဖြစ် မူဆယ်မြို့တွင် စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ အတည်ပြုလူနာ (၁)ဦးနှင့် ရန်ကုန်မြို့မှ အတည်ပြုလူနာ (၃)ဦး စုစုပေါင်း အတည်ပြုလူနာ (၄)ဦး ထပ်တိုးလာသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ည (၈)နာရီ၌ အတည်ပြုလူနာ စုစုပေါင်း (၁၄၃) ဦးရှိပြီဖြစ်သည်။

ရှမ်းပြည်နယ်တွင် COVID-19 ကူးစက်ခံရသူများမှာ တာချီလိတ်မှ (၂)ဦး၊ မိုင်းဖြတ်မြို့မှ (၁)ဦး၊ တောင်ကြီးမြို့မှ (၂)ဦး နှင့် ကျောက်မဲမြို့မှ (၁)ဦး အပြင် ယခု အတည်ပြုလိုက်သည့် မူဆယ်မြို့မှ (၁)ဦး အပါအဝင် စုစုပေါင်း (၇)ဦး ရှိနေပြီဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကူးစက်ခံရသူ စုစုပေါင်းသည့် (၁၄၃)ဦးအနက် ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉)ဦး နှင့် သေဆုံးသူ (၅)ဦးရှိပြီဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် အတည်ပြုလူနာများကို ချင်းပြည်နယ်ရှိ တီးတိန်ဆေးရုံ၊ ရှမ်းပြည်နယ်ရှိ စဝ်စံထွန်းဆေးရုံ၊ လားရှိုးဆေးရုံ၊ ကျိုင်းတုံဆေးရုံနှင့် မူဆယ်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးဆေးရုံ၊ မွန်ပြည်နယ်ရှိ မော်လမြိုင်ဆေးရုံ၊ မကွေးတိုင်းဒေသကြီးရှိ မကွေးဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပအထူးကုဆေးရုံတို့တွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~