ကျောက်မဲမြို့ရှိ နောင်ပိန် မဲရုံ အမှတ်(၂)တွင် မဲပေးခဲ့သည့် ယာဉ်မောင်းထံက Covid-19 တွေ့ရှိ၍ ထိတွေ့သူများနှင့် မဲရုံဝန်ထမ်းများကိုပါ အသွားအလာ ကန့်သတ်ထား

ကျောက်မဲမြို့ရှိ နောင်ပိန် မဲရုံ အမှတ်(၂)တွင် မဲပေးခဲ့သည့် ယာဉ်မောင်းထံက Covid-19 တွေ့ရှိ၍ ထိတွေ့သူများနှင့် မဲရုံဝန်ထမ်းများကိုပါ အသွားအလာ ကန့်သတ်ထား
နိုဝင်ဘာ 9, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ နောင်ပိန် မဲရုံ အမှတ်(၂)တွင် မဲပေးခဲ့သည့် ယာဉ်မောင်းထံက Covid-19 တွေ့ရှိ၍ ထိတွေ့သူများနှင့် မဲရုံဝန်ထမ်းများကိုပါ အသွားအလာ ကန့်သတ်ထား
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်၊ ခြေမြစ်ပင်ကိုဗစ်စစ်ဆေးရေးစင်တာတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့က RDT ဖြင့်စစ်ဆေးမှုအတွင်း COVID 19 ပိုးတွေ့ရသူမှာ နောင်ပိန်ကျေးရွာရှိ မဲရုံအမှတ် (၂) တွင် ဆန္ဒမဲပေးခဲ့သဖြင့် အနီးကပ်ထိတွေ့သူများနှင့် မဲရုံဝန်ထမ်းများကို အသွားအလာ ကန့်သတ်ထားသည်။
“အဲဒီ ယာဉ်မောင်းက ဒီဒေသမှာ မဲဝင်ပေးသွားပြီးမှ ပိုးတွေ့တာဆိုတော့ ပိုပြီးသေချာသွားအောင်လို့ သူနဲ့ ထိစပ်ခဲ့တဲ့ မဲရုံအပါအဝင် ထပ်မံထိစပ်သူတွေအားလုံးကို အသွားအလာကန့်သတ်သွားမှာ ဖြစ်ပါတယ်” ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုဝင်ဘာ (၈)ရက်နေ့က အဆိုပါ အမျိုးသားသည်  နောင်ပိန်ကျေးရွာရှိ မဲရုံအမှတ် ၂ ၌ ဆနမဲဝင်ပေးခဲ့ပြီး နောက်ပိုင်း မှ ကိုဗစ်ပိုးတွေ့ခဲ့သည့်အတွက် အမှတ် (၂)မဲရုံမှ ဝန်ထမ်းများအားလုံးကို နိုဝင်ဘာ (၉)ရက်နေ့ က စတင်၍ Facility Quarantine အဖြစ်ထားရှိသွားမည်ဖြစ်ပြီး မဲရုံ (၂)နှင့် တစ်ဖန် ထိတွေ့ခဲ့သော မဲရုံ (၁)မှ ဝန်ထမ်းများကို နေအိမ်အသွားအလာ (၇)ရက် ကန့်သတ်နေထိုင်စေမည် ဖြစ်သည်ဟု သိရသည်။
မဲရုံ (၁)မှ ဝန်ထမ်းများက လာရောက်ပေးပို့လာသော မဲလက်မှတ်များကို နိုဝင်ဘာ (၉)ရက်နေ့ နံနက် (၃)နာရီ ခွဲဝန်းကျင်က လက်ခံခဲ့သည့် ကျောက်မဲမြို့ရှိ မဲလက်မှတ်လက်ခံရာ မြို့တော်ခန်းမ၌ ရှိကြသော ဝန်ထမ်းများကိုလည်းကောင်း၊ အဆိုပါ ဝန်ထမ်းများနှင့် နိုဝင်ဘာ (၉)ရက် နံနက်ပိုင်းက ထိတွေ့မှု ရှိခဲ့သူများ အားလုံးကို Stay Home အဖြစ်   (၇)ရက် နေအိမ်အသွားအလာကန့်သတ် နေစေမည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကျင်းပနေသည့် ကျောက်မဲမြို့ရှိ မြို့တော်ခန်းမအတွင်းတွင်   နိုဝင်ဘာလ (၈)ရက် ညပိုင်းက ကျောက်မဲမြို့နယ် အတွင်းရှိ မဲရုံများမှ မဲလက်မှတ်များကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းများ၊ လုံခြုံရေး ရဲဝန်ထမ်းများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သည့်အဖွဲ့များအပြင် မြို့မိမြို့ဖအချို့ အပါအဝင် လက်ခံ စိစစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~