(၅)လအကြာ ပိတ်ထားသည့်  လားရှိုး နှင့် သိန္နီမြို့သို့ သွားလမ်း ဟိုပိတ် (၉)မိုင်လမ်းခွဲကို ပုံမှန်အတိုင်း ပြန်ဖွင့်

(၅)လအကြာ ပိတ်ထားသည့်  လားရှိုး နှင့် သိန္နီမြို့သို့ သွားလမ်း ဟိုပိတ် (၉)မိုင်လမ်းခွဲကို ပုံမှန်အတိုင်း ပြန်ဖွင့်
နိုဝင်ဘာ 29, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး နှင့် သိန္နီမြို့သို့ သွားသည့် ဟိုပိတ် (၉)မိုင်လမ်းခွဲအား ပိတ်ထားသည့် (၅)လအကျော်အကြာဖြစ်သည့် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 ၂၀၂၁ခုနှစ် ဇွန်လ(၁၇)ရက်နေ့က စ၍ ပိတ်ထားပုံ

ဟိုပိတ်လမ်းခွဲအား  နိုင်ငံအာဏာသိမ်းခံထားရပြီး Covid-19 ဒုတိယလှိုင်းအတွင်းက Covid-19 ကာကွယ်ရေးအတွက်ဟု ဒေသအာဏာပိုင်များက အကြောင်းပြကာ ၂၀၂၁ခုနှစ် ဇွန်လ(၁၇)ရက်နေ့က စ၍  လမ်းအလယ်တွင် မြေကြီးများဖြင့် ပိတ်လိုက်ခြင်း ဖြစ်ပြီး  လမ်းပိတ်ထားသည့် (၅)လကျော်အကြာ ယနေ့ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြန်လည် ဖွင့်ပေးလာခြင်း ဖြစ်သည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပုံ



 

#TachileikNewsAgency

Photo: CJ