ရန်ကုန် နှင့် မန္တလေးမှ အတည်ပြု လူနာ (၅)ဦး ထပ်တိုး၍ ကူးစက်ခံရသူ (၁၃၂)ဦး ရှိလာ

ရန်ကုန် နှင့် မန္တလေးမှ အတည်ပြု လူနာ (၅)ဦး ထပ်တိုး၍ ကူးစက်ခံရသူ (၁၃၂)ဦး ရှိလာ
ဧပြီ 23, 2020
By Tachileik News Agency
ရန်ကုန် နှင့် မန္တလေးမှ အတည်ပြု လူနာ (၅)ဦး ထပ်တိုး၍ ကူးစက်ခံရသူ (၁၃၂)ဦး ရှိလာ

ရန်ကုန်နှင့် မန္တလေးမှ အတည်ပြုလူနာ (၅)ဦး ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ညပိုင်း၌ ထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၃၂)ဦး ရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ (၂၃)ရက်နေ့ ညနေတွင် ဓာတ်ခွဲနမူနာ (၈၂) ခုကို စစ်ဆေးခဲ့ရာတွင် (၅) ဦး၌ COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီဖြစ်ကာ  သေဆုံးသူ (၅)ဦးရှိနေခြင်းဖြစ်သည်။

အတည်ပြုလူနာများအား ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပအထူးကုဆေးရုံ၊ ကန်တော်နဒီဆေးရုံ၊ တီးတိန်ဆေးရုံ၊ စဝ်စံထွန်းဆေးရုံ၊ ကလေးဆေးရုံ၊ မော်လမြိုင်ဆေးရုံ၊ မကွေးဆေးရုံ၊  လားရှိုးပြည်သူ့ဆေးရုံနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံတို့၌ ကုသပေးနေခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~