မလေးရှားနိုင်ငံက ပြန်လာသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

မလေးရှားနိုင်ငံက ပြန်လာသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 29, 2020
By Tachileik News Agency

မလေးရှားနိုင်ငံက ပြန်လာသည့် အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Quarantine သတ်မှတ်ထားသည့် မလေးရှားနိုင်ငံက ပြန်လာသူ အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ မြန်မာနိုင်ငံတွင် Covid-19 ပိုးတွေ့ရှိသူ (၃၅၁)ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။

Covid-19 ပိုးတွေ့ရှိသူ အသက်(၃၅)နှစ်ရှိ အမျိုးသားသည် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နေထိုင်သူဖြစ်သည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) နှင့် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) စသည့် ဓါတ်ခွဲဌာန(၄)ခုမှ ၂၀၂၀ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၂၉)ရက်နေ့ နံနက်ပိုင်းအထိ နှစ်သုတ်ခွဲ၍ ဓါတ်ခွဲနမူနာပေါင်း (၁,၁၈၄)ခုကို စစ်ဆေးရာမှ တစ်ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၈)နာရီအချိန်အထိ covid-19  ပိုးတွေ့ရှိရသူ (၃၅၁)ဦးအထိ ရှိနေပြီး (၆)ဦးမှ သေဆုံးသူများဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~