တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်၍ ပြစ်ဒဏ်ကျခံပြီးသည့် ထိုင်းလုပ်သား (၉၇) ဦးနှင့် တရားဝင်လာရောက်သည့် ထိုင်းလုပ်သား (၇)ဦးတို့အား မယ်ဆိုင်သို့ လွှဲပြောင်း

တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်၍ ပြစ်ဒဏ်ကျခံပြီးသည့် ထိုင်းလုပ်သား (၉၇) ဦးနှင့် တရားဝင်လာရောက်သည့် ထိုင်းလုပ်သား (၇)ဦးတို့အား မယ်ဆိုင်သို့ လွှဲပြောင်း
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်၍ ပြစ်ဒဏ်ကျခံပြီးသည့် ထိုင်းလုပ်သား (၉၇) ဦးနှင့် တရားဝင်လာရောက်သည့် ထိုင်းလုပ်သား (၇)ဦးတို့အား မယ်ဆိုင်သို့ လွှဲပြောင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်၍ ပြစ်ဒဏ်ကျခံပြီး ထိုင်းလုပ်သား (၉၇) ဦးနှင့် တရားဝင်လာရောက်သည့် ထိုင်းလုပ်သား (၇)ဦး စုစုပေါင်း (၁၀၄) ဦးတို့အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်း၌ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှနေ၍ နေရပ်ပြန်လွှတ်လိုက်ပြီဖြစ်သည်။
တာချီလိတ်မြို့တွင် COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်လာချိန်တွင် တာချီလိတ်တွင် အလုပ်လုပ်နေကြသည့် ထိုင်းနိုင်ငံသားများ နယ်စပ်မှခိုးပြန်လာခြင်းအား ထိုင်းဘက်က တင်းကြပ်စွာတားမြစ်လိုက်ရာ မြန်မာလဝကဘက်တွင် စာရင်းပေးသွင်း၍ ပြစ်ဒဏ်ကျခံပြီး ထိုင်းဘက်သို့ ပြည်တော်ပြန်ကြခြင်းဖြစ်သည်။
ပြည်တော်ပြန်ရန် စာရင်းပေးလာသူများအနက် တရားဝင်အထောက်အထားမရှိသူ (၉၇)ဦးအား လဝကအက်ဥပဒေအရ တစ်ဦးလျှင် ဒဏ်ငွေ ကျပ် (၃)သိန်းစီ တာချီလိတ်မြို့နယ်တရားရုံးက ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ပြစ်ဒဏ်ချမှတ်ပြီး ဒဏ်ငွေပေးဆောင်ပြီးသူများနှင့် တရားဝင်အထောက်အထားရှိသူ (၇)ဦးတို့အား မယ်ဆိုင်ဘက်သို့ ချက်ချင်းပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန်လွှတ်မည့် ထိုင်းနိုင်ငံသားအားလုံးကို တာချီလိတ်တွင် COVID 19 စစ်ပေးရာ ပိုးတွေ့ရသူ (၄) ဦးတွေ့ရှိပြီး ပိုးတွေ့လူနာဖြစ်နေသူ (၁)ဦးမှာလည်း ထိုင်းနိုင်ငံသားဖြစ်ကြောင်း သိရ၍ အတည်ပြုလူနာ (၅)ဦးလုံးကို ထိုင်းဘက်သို့ လူနာတင်ယာဉ်ဖြင့် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~