လွိုင်ကော်၊ ဖားဆောင်းနှင့် ဘောလခဲမြို့နယ်များတွင် COVID -19 အတည်ပြုလူနာ (၈) ဦးတွေ့

လွိုင်ကော်၊ ဖားဆောင်းနှင့် ဘောလခဲမြို့နယ်များတွင် COVID -19 အတည်ပြုလူနာ (၈) ဦးတွေ့
ဇူလိုင် 10, 2021 | Covid-19| ကယား

ကယား (ကရင်နီ) ပြည်နယ်အတွင်း လွိုင်ကော်၊ ဘောလခဲနှင့် ဖားဆောင်းမြို့တို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့ တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၈) ဦးတွေ့သည်ဟု သိရသည်။

ဇူလိုင်လ (၁၀)ရက်နေ့ စစ်ဆေးချက်အရ လွိုင်ကော်မြို့တွင် (၃)ဦး ၊ ဘောလခဲမြို့တွင် (၄)ဦး နှင့် ဖားဆောင်းမြို့တို့တွင် (၁)ဦး စုစုပေါင်း (၈)ဦးထပ်တိုးတွေ့၍ ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅၃) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ယနေ့ထပ်တိုးလာသူများတွင် လွိုင်ကော်မြို့ မင်းစုရပ်ကွက်မှ အမျိုးသမီး (၃)ဦး၊ ဘောလခဲမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ရန်ကုန်မှ ပြန်လာသူ (၁)ဦး နှင့် သွားကြိုသူ (၃)ဦးတို့ပါဝင်ပြီး ဖားဆောင်းမြို့တွင် တောင်ငူမှ လာရောက်သော ကားမောင်းသူ (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ဇွန်လမှစ၍ ဇူလိုင်လ (၈) ရက်နေ့အထိ အတည်ပြုလူနာ (၅၃) ဦး တွေ့ရှိသည့်အနက် သေဆုံးသူ (၂)ဦးရှိ​ ပြီဖြစ်ကြောင်း သိရသည်။