မိုင်းဖြတ်မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ရှမ်း(အရှေ့)တွင် အတည်ပြုလူနာ မရှိတော့

မိုင်းဖြတ်မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ရှမ်း(အရှေ့)တွင် အတည်ပြုလူနာ မရှိတော့
ဇွန် 14, 2020
By Tachileik News Agency
မိုင်းဖြတ်မှ Covid-19 အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ၍ ရှမ်း(အရှေ့)တွင် အတည်ပြုလူနာ မရှိတော့

ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ Covid-19 အတည်ပြုလူနာ (၃)ဦးအနက် ဆေးရုံတွင် နောက်ဆုံးကျန်ခဲ့သည့်  မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ Case 64 မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အတည်ပြုလူနာ မရှိတော့ကြောင်း သိရသည်။

ဒီနေ့ မနက် (၁၀)နာရီကပဲ ဆေးရုံဆင်းခွင့်ပေးလိုက်ပါတယ်။ လက်ရှိ ဆေးရုံမှာ PUI (စောင့်ကြည့်သံသယလူနာ) ၃ ယောက်တော့ရှိပါတယ်။ Positive လူနာတော့ မရှိတော့ပါဘူး

ဟု ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာ Case 64 ကို မေလ (၂၆)ရက်နေ့က (၇) ကြိမ်မြောက် ဓာတ်ခွဲအဖြေတွင် ပိုးမတွေ့ရကြောင်း အဖြေရရှိပြီးနောက် မေလ (၃၀)ရက်နေ့ (၈)ကြိမ်မြောက် ဓါတ်ခွဲအဖြေတွင်လည်း ပိုးမတွေ့ရသဖြင့် ဆေးရုံတွင် စောင့်ကြည့်မှု (၁၄)ရက်ထားရှိခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး အတည်ပြုလူနာဖြစ်သည့် Case 64 သည် (၃)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်၊ (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားကာ (၇)ကြိမ်မြောက်နှင့် (၈)ကြိမ်မြောက်တွင် ပိုးမတွေ့ရကြောင်း အဖြေရလာခြင်းဖြစ်သည်။

မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ဓာတ်ခွဲအဖြေရလာခဲ့သဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ပထမဆုံး COVID 19 အတည်ပြုလူနာဖြစ်လာခဲ့ပြီး ဒုတိယမြောက်လူနာအဖြစ် တာချီလိတ်မှ (Case 96) ဆရာဝန် အမျိုးသားကို ဧပြီလ (၁၈)ရက်နေ့တွင် လည်းကောင်း၊ တတိယမြောက်လူနာအဖြစ် တာချီလိတ်မှ သူနာပြုဆရာမ (Case 112) ကို ဧပြီလ (၂၀) ရက်နေ့တွင် လည်းကောင်း အသီးသီး ဓာတ်ခွဲတွေ့ခဲ့ရခြင်းဖြစ်သည်။

အတည်ပြုလူနာ (၃)ဦးအနက် Case 96 မှာ မေလ (၂၀)ရက်နေ့က လည်းကောင်း၊ Case 112 မှာ ဇွန်လ (၅)ရက်နေ့က လည်းကောင်း ဆေးရုံဆင်းခွင့်ရထားပြီး Case 64 မှာ ဇွန်လ (၁၄)ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရသွားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~