တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာများ တိုးလာပါက ထားနိုင်ရန် (၄)နေရာမြောက်အဖြစ် မိုးလုံလေလုံအားကစားရုံတွင် စီစဉ်ထား

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာများ တိုးလာပါက ထားနိုင်ရန် (၄)နေရာမြောက်အဖြစ် မိုးလုံလေလုံအားကစားရုံတွင် စီစဉ်ထား
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာများ တိုးလာပါက ထားနိုင်ရန် (၄)နေရာမြောက်အဖြစ် မိုးလုံလေလုံအားကစားရုံတွင် စီစဉ်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာများ တိုးပွားလာပါက တိုးချဲ့ထားနိုင်ရန် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ မိုးလုံလေလုံအားကစားရုံကို COVID-19 ကုသရေး Center ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ 
“ဖွင့်ဖို့ပြင်နေပါတယ်။ မိုးကုတ်ရိပ်သာမှာ ပြည့်သွားတယ်ဆိုရင် အဲဒီမှာဖွင့်မယ်။ ကုသရေး Center အနေနဲ့ ဖွင့်မယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁)ရက်နေ့က ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့၌ Covid-19 အတည်ပြုလူနာများကို တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး နှင့် ဆေးရုံဟောင်းအတွင်း အပါအဝင် မိုးကုတ်တရားရိပ်သာတို့တွင် ထားရှိပြီး လူဦးရေများလာပါက ထားရှိရန် အားကစားရုံကို ပြင်ဆင်နေခြင်း ဖြစ်သည်။
မိုးလုံလေလုံ အားကစားရုံတွင် COVID-19 အတည်ပြုလူနာ (၅၂)ဦးအထိ ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့အထိ တွေ့ရှိကုသနေဆဲ အတည်ပြုလူနာ စုစုပေါင်းမှာ (၅၀)ဦးအထိ ရှိနေသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက် 
ဓါတ်ပုံ - Lynn Htut Oo
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~