ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်မြို့မဈေး၏ အတွင်း အပြင်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိုးသတ်ဆေးဖြန်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်မြို့မဈေး၏ အတွင်း အပြင်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိုးသတ်ဆေးဖြန်း
မတ် 31, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်မြို့မဈေး၏ အတွင်း အပြင်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိုးသတ်ဆေးဖြန်း

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်သည့် အနေဖြင့် နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေးအတွင်း ပိုးသတ်ဆေးဖြန်းခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၀ခုနှစ် မတ်လ(၃၀)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့၊ ဈေးကော်မတီ နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဈေးအတွင်းနှင့်အပြင် ပိုးသတ်ဆေးဖြန်းကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မဈေးသို့ ဈေးလာဝယ်သူများအနေဖြင့် လက်ဆေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရန်အတွက် လက်ဆေးဘေစင်များကိုလည်း ပြုလုပ်ပေးထားကြောင်း သိရသည်။

တာချီလိတ်တွင် လူသူအသွားအလာအများဆုံးဖြစ်သည့် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)(၂)တံတားပေါ်နှင့် တာချီလိတ်လေဆိပ်၊ အဝေးပြေးကားလေးကွင်း နှင့် မြို့ဈေးတို့တွင် ပူးပေါင်းအဖွဲ့ဖြင့် ပိုးသတ်ဆေးဖြန်းခဲ့ပြီးကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~