မြန်မာဘက် ပြန်ရောက်ပြီးမှ Covid-19 ပိုးတွေ့ရှိ၍ လာအိုနိုင်ငံ မြန်မာရွာတွင် ထိတွေ့သူများကို ရှာဖွေပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေး

မြန်မာဘက် ပြန်ရောက်ပြီးမှ Covid-19 ပိုးတွေ့ရှိ၍ လာအိုနိုင်ငံ မြန်မာရွာတွင် ထိတွေ့သူများကို ရှာဖွေပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေး
ဇူလိုင် 5, 2020
By Tachileik News Agency

မြန်မာဘက် ပြန်ရောက်ပြီးမှ Covid-19 ပိုးတွေ့ရှိ၍ လာအိုနိုင်ငံ မြန်မာရွာတွင် ထိတွေ့သူများကို ရှာဖွေပြီး  ဓါတ်ခွဲနမူနာရယူ စစ်ဆေး

လာအိုနိုင်ငံ ရွှေတြိဂံဒေသမှာ သွားရောက် အလုပ် လုပ်ကိုင်ပြီး နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦးမှာ Covid-19 ပိုး စစ်ဆေးတွေ့ရှိလို့ လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ်အတွင်း မြန်မာနိုင်ငံသား တစ်သောင်းနီးပါး နေထိုင်တဲ့ ရွေတြိဂံဒေသထဲက ရခိုင်ရွာလို့ခေါ်တဲ့ မြန်မာရွာမှာ အတည်ပြုလူနာနဲ့ နီးစပ်သူများကို စုံစမ်းပြီး (၄)ဦးကို covid-19 ပိုး စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာတွေကို ရယူထားပြီဖြစ်ပါတယ်။

အခုလိုမျိုး အတည်ပြုလူနာထွက်ပေါ်ခဲ့တဲ့အတွက် စိုးရိမ်ပူပန်မှုတွေများခဲ့ပြီး အတည်ပြုလူနာနဲ့ ထိတွေ့သူတွေကို စုံစမ်းထားကြောင်း နဲ့ တတိယအကြိမ်ပြန်မဲ့သူတွေရဲ့ စာရင်းတွေနဲ့ ပတ်သက်ပြီး သေချာဆောင်ရွက်နေတယ်လို့ ရခိုင်ရွာအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက ပြောပါတယ်။

လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းကနေ ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့က မြန်မာနိုင်ငံသား (၁၈၆)ဦးဟာ နေရပ် ပြန်ရန်အတွက် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းဘက်ကို ရောက်ရှိလာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသခံများမှလွှဲ၍ အဲ့ဒီထဲက (၁၇၁)ဦးကို နေရာဒေသအသီးသီးကို  မော်တော်ယာဉ်တွေနဲ့ တခါတည်း ပို့ဆောင်လိုက်ပြီးနောက် နေရပ်ဒေသအသီးသီးကို ရောက်တဲ့အခါမှာ Q ၂၁ ရက်နေရပြီး covid-19 စစ်ဆေးလိုက်တဲ့အခါ တိုက်ကြီးမြိုူနယ်ဇာတိဖြစ်သူ အသက်(၄၀)ကျော် အမျိုးသားတစ်ဦးမှာ Covid-19 ပိုးစစ်ဆေးတွေ့ရှိရတာဖြစ်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လာအိုနိုင်ငံဘက်ကလည်း အတည်ပြုလူနာနဲ့ ပတ်သက်တဲ့ လမ်းကြောင်းတွေ လိုက်နေသလို တာချီလိတ်ဘက်မှာလည်း နေရပ်ပြန်တွေလက်ခံစဉ်က ထိတွေ့သူတွေလို့ ယူဆရသူကိုလည်း Covid1-9 စစ်ဆေးရန်အတွက် စာရင်းတွေ ရယူနေလျက်ရှိပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - ဟန်စိုးထိုက် ၊ နိုင်လင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~