ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ ဆြမ္းကပ္ျခင္းႏွင့္ ေကြ်းေမြးဧည့္ခံပြဲ တာခ်ီလိတ္ NLD ရံုးတြင္ ျပဳလုပ္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ ဆြမ္းကပ္ျခင္းႏွင့္ ေကြ်းေမြးဧည့္ခံပြဲ တာခ်ီလိတ္ NLD ရံုးတြင္ ျပဳလုပ္
ဇွန် 19, 2019
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၄) နွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုဘုရားေအာက္ရိွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရံုးခန္းတြင္ ဆြမ္းကပ္လွဴျခင္း ႏွင့္ ဖိတ္ၾကားထားသူမ်ားအား ေကြ်းေမြးဧည့္ခံျခင္းမ်ားအျဖစ္ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၉)ရက္ေန႔ နံနက္မွ ေန႔လည္ပိုင္းအခ်ိန္အထိ ျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ ဆက္လက္၍  ညပိုင္း၌  တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္၌ ဆီမီးပူေဇာ္ျခင္းနွင့္  ပါတီရံုး၌ ေမြးေန႔ကိတ္ခြဲျခင္းမ်ားကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဧည့္ခံတာက မနက္ (၉) နာရီမွာ စဧည့္ခံတယ္။ ဘုန္းႀကီး (၅) ပါးကို ေန႔ဆြမ္းကပ္တာေပါ့။ ေရႊတိဂံုဘုရားမွာ ဆီမီးပူေဇာ္မွာက ညေမွာင္မွေပါ့။ (၆) နာရီခြဲ (၇) နာရီေလာက္ေပါ့။ နာမည္ပံုေဖာ္ၿပီး ပူေဇာ္မွာအပါ။ ဆီမီးပူေဇာ္ၿပီး ျပန္လာရင္ ရံုးမွာေမြးေန႔ကိတ္ခြဲမွာပါ"ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တာခ်ီလိတ္ၿမို႕နယ္ တြဲဖက္အတြင္းေရးမွဴး ဦး၀င္းစြမ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ၿမို႕နယ္ မိုင္းဖုန္း(ခ) ေက်းရြာအုပ္စု လြယ္ယြန္းခမ္းေစတီရင္ျပင္ေတာ္ေပၚတြင္ အရိပ္ရပင္ (၇၅) ပင္ႏွင့္ ပံုလို႔(ၿမို႕မ)သုႆာန္သစ္ သြားရာ လမ္းေဘး ၀ဲ၊ ယာတြင္ အရိပ္ရပင္ေပါင္း (၁,၁၀၀) ကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ၀င္မ်ား အပါအ၀င္ လူမႈေရးအသင္းအဖြဲ႔ပူးေပါင္းကာ စိုက္ပ်ိဳးေပးခဲ့ၾကေၾကာင္း သိရသည္။ 

 Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ ရွှေတိဂုံဘုရားအောက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ဆွမ်းကပ်လှူခြင်း နှင့် ဖိတ်ကြားထားသူများအား ကျွေးမွေးဧည့်ခံခြင်းများအဖြစ် ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်မှ နေ့လည်ပိုင်းအချိန်အထိ ပြုလုပ်ခဲ့ကြောင်း နှင့် ဆက်လက်၍ ညပိုင်း၌ တာချီလိတ်ရွှေတိဂုံစေတီတော်၌ ဆီမီးပူဇော်ခြင်းနှင့် ပါတီရုံး၌ မွေးနေ့ကိတ်ခွဲခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဧည့်ခံတာက မနက် (၉) နာရီမှာ စဧည့်ခံတယ်။ ဘုန်းကြီး (၅) ပါးကို နေ့ဆွမ်းကပ်တာပေါ့။ ရွှေတိဂုံဘုရားမှာ ဆီမီးပူဇော်မှာက ညမှောင်မှပေါ့။ (၆) နာရီခွဲ (၇) နာရီလောက်ပေါ့။ နာမည်ပုံဖော်ပြီး ပူဇော်မှာအပါ။ ဆီမီးပူဇော်ပြီး ပြန်လာရင် ရုံးမှာမွေးနေ့ကိတ်ခွဲမှာပါ"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာချီလိတ်မြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးဝင်းစွမ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု လွယ်ယွန်းခမ်းစေတီရင်ပြင်တော်ပေါ်တွင် အရိပ်ရပင် (၇၅) ပင်နှင့် ပုံလို့(မြို့မ)သုဿာန်သစ် သွားရာ လမ်းဘေး ဝဲ၊ ယာတွင် အရိပ်ရပင်ပေါင်း (၁,၁၀၀) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ အပါအဝင် လူမှုရေးအသင်းအဖွဲ့ပူးပေါင်းကာ စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net