ဝူဟန် အားကစားရုံအတွင်း ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ ပိတ်လိုက်ပြီ

ဝူဟန် အားကစားရုံအတွင်း ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ ပိတ်လိုက်ပြီ
မတ် 9, 2020
By Tachileik News Agency

ဝူဟန် အားကစားရုံအတွင်း ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ ပိတ်လိုက်ပြီ

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တွေ့ရှိသည့် နိုင်ငံအရေအတွက်နှင့် ကူးစက်ခံရသူအရေအတွက် တိုးလာနေသော်လည်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ယာယီဆေးရုံအဖြစ် အသုံးပြုနေသည့် ဝူဟန်အားကစားရုံကို ၂၀၂၀ ခုနှစ်၊ မတ်လ (၈)ရက်နေ့က ပိတ်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖေါ်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၀ ခုနှစ်၊ မတ်လ (၉)ရက်နေ့အထိ တရုတ်ပြည်မကြီးတစ်ခုတည်းတွင် ကူးစက်သူပေါင်း (၈၀,၇၃၅)ဦးနှင့် သေဆုံးသူပေါင်း (၃,၈၄၀)ရှိပြီး ရောဂါ စတင်ပျံ့နှံ့ရာဝူဟန်မှ တရုတ်နိုင်ငံသားများနှင့် ဝူဟန်သို့ သွားရောက်ခဲ့သူများမှတစ်ဆင့် ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့မှုမှာ နိုင်ငံပေါင်း (၉၀)ကျော်သွားပြီဖြစ်သည်။

တရုတ်နိုင်ငံတွင်း ကူးစက်ပျံ့နှံ့မှုမှာ လျော့ကျလာသည်ဟု သတင်းများထွက်လာပြီးနောက် ယာယီဆေးရုံအချို့ကို ပိတ်သိမ်းသည်ဟု တရုတ်သတင်းဌာနများတွင် သတင်းများတက်လာသည်ကို တွေ့လာရခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ စတင်သည့် ကိုရိုနာဗိုင်းရပ်စ်မှာ တောကောင်အသားများ စားသုံးရာမှတစ်ဆင့် ကူးစက်သည်ဟု ယူဆထားကြပြီး ကာကွယ်ဆေးနှင့် ကုသဆေးများကို သိပ္ပံပညာရှင်များက စမ်းသပ်ရှာဖွေနေကြဆဲဖြစ်သည်။

ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်( COVID - 19 )သည် တရုတ်နိုင်ငံ အပါအဝင်၊ တောင်ကိုရီးယား၊ အီရန်၊ အီတလီ၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ စပိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ စင်္ကာပူ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ ဆွီဒင်၊ ဟောင်ကောင်၊ မလေးရှား၊ သြစတေးလျ၊ သြစတြီးယား၊ ဘာရိန်း၊ ကူဝိတ်၊ ကနေဒါ၊ ထိုင်း၊ အီရတ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ထိုင်ဝမ်၊ အိုက်စ်လန်၊ ဂရိ၊ အိန္ဒိယ၊ ဆန်မာရီနို၊ ဒိန်းမတ်၊ ပါလက်စတိုင်း၊ လက်ဘနွန်၊ အစ္စရေး၊ ချက်၊ အိုင်ယာလန်၊ အယ်လ်ဂျီရီးယား၊ အိုမန်၊ ဗီယက်နမ်၊ ဖင်လန်၊ အီဂျစ်၊ ရုရှား၊ ပေါ်တူဂီ၊ ဘရာဇီး၊ အီကွေဒေါ၊ ခရိုအေးရှား၊ မကာအို၊ အက်စ်တိုနီးယား၊ အဇာဘိုင်ချန် နှင့် ရိုမေးနီးယားနိုင်ငံတို့တွင် ကူးစက်ခံနေရသည်။

ယင်းအပြင် အာဂျင်တီးနား၊ ကာတာ၊ ဆလိုဘေးနီးယား၊ ပါကစ္စတန်၊ ဘယ်လာရု၊ မက္ကဆီကို၊ ဆော်ဒီအာရေးဘီးယား၊ ပြင်သစ်ဂါနာ၊ နယူးဇီလန်၊ ဖီလစ်ပိုင်၊ ပိုလန်ဦ၊ အင်ဒိုနီးရှား၊ ဆီနီဂေါ၊ ချီလီ၊ ဂျော်ဂျီယာ၊ ဟန်ဂေရီ၊ ဘော်စနီ နှင့် ဟာဇီဂိုဘီးနား၊ စိန့်ဘာဿလီ၊ မြောက် မက်စီဒိုးနီးယား၊ ဒိုမီနီကန်၊ လူဇင်ဘတ်၊ မော်ရိုကို၊ Martinique ၊ လစ်သူရေးနီးယား၊ ကမ္ဘောဒီးယား၊ ကင်မရွန်၊ မိုနာကို၊ အာဖဂန်နစ္စတန်၊ စလိုဗက်ကီးယား၊ ပီရူး၊ တိုကို၊ အာမေးနီးယား၊ ယူကရိန်း၊ အာတီကန်၊ တောင်အာဖရိက၊ လန်ချက်စတိန်း၊ ဖာရိုကျွန်း၊ ကော်စတာရီကာ၊ အန်ဒိုရာ၊ ဂျီဗရော်တာ၊ နိုင်ဂျီးရီးယား၊ တူနီးရှား၊ ကိုလန်ဘီယာ၊ ဘူတန်၊ နီပေါ၊ ဂျော်ဒန်၊ လိုက်ဗီးယား၊ ဆာဘီးယား နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၉၀)ကျော်တို့တွင် ကူးစက်ခံနေရခြင်း ဖြစ်သည်။

Tachileik News Agency
source: Xinhua Thai

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~