မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၇၇)ဦးရှိလာပြီး ဓါတ်ခွဲအဖြေစောင့်သူ (၂၂၀၀)ကျော်ရှိနေ

မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၇၇)ဦးရှိလာပြီး ဓါတ်ခွဲအဖြေစောင့်သူ (၂၂၀၀)ကျော်ရှိနေ
မတ် 17, 2020
By Tachileik News Agency

မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၇၇)ဦးရှိလာပြီး ဓါတ်ခွဲအဖြေစောင့်သူ (၂၂၀၀)ကျော်ရှိနေ

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်(COVID -19) ကူးစက်ခံရသူမှာ ၂၀၂၀ခုနှစ် မတ်လ(၁၇)ရက်နေ့ ညနေပိုင်းအထိ (၁၇၇)ဦးရှိလာကြောင်း နှင့် ဓါတ်ခွဲအဖြေစောင့်နေရသည့် အရေအတွက်မှာ (၂,၂၁၄)ဦးရှိကြောင်း ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၀ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် နိုင်ငံခြားသား (၃)ဦးအပါအဝင် စုစုပေါင်း (၃၀)ဦးမှာ အတည်ပြုလူနာအဖြစ် သတ်မှတ်လိုက်သည့်အတွက် စုစုပေါင်း အတည်ပြုလူနာ (၁၇၇)ဦး ရှိလာခြင်း ဖြစ်ပြီး စောင့်ကြည့်နှင့်သံသယလူနာများ၏ ဓါတ်ခွဲအဖြေများကို စောင့်ဆိုင်းနေသည်မှာ (၂၂၁၄)ဦးရှိကြောင်း သည်။

ကူးစက်ခံရသူ စုစုပေါင်း (၁၇၇)ဦးတွင် သက်သာပျောက်ကင်းသူမှာ (၄၁)ဦးရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကူးစက်ခံရသည့် လူအများအစုမှာ ဘန်ကောက်နှင့် အနီးဝန်းကျင်က ဖြစ်ပြီး ပင်လယ်ကမ်းခြေနှင့် နီးသည့် ရရောင်းခရိုင်အတွင်းကလည်း အပါအဝင် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်နှင့် နီးစပ်သည့် ချင်းရိုင်းခရိုင်အတွင်း၌ ကိုရီးယားနိုင်ငံက ပြန်လည်ရောက်ရှိလာသူ (၃၃)ဦးကိုလည်း နေအိမ်တွင်း (၁၄)ရက်သတ်မှတ်ကာ သီးခြား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ စောင့်ကြည့်ထားရကြောင်း သိရသည်။

၂၀၂၀ခုနှစ် မတ်လ(၁၇)ရက်နေ့ ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၁၅၉)နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီး ကူးစက်ခံရသူမှာ (၁၈၀,၀၀၆)ဦးရှိပြီး သက်သာပျောက်ကင်းသူမှာ (၇၉,၆၃၈)ဦးရှိသော်လည်း သေဆုံးသူမှာ (၇,၁၃၀)ဦး ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~