တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၄)ဦး ထပ်တိုးတွေ့ရှိ

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၄၄)ဦး ထပ်တိုးတွေ့ရှိ
သြဂုတ် 24, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ ဩဂုတ်လ(၂၄)ရက်နေ့ တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၄၄)ဦး ထပ်တိုးရာ လာအိုနိုင်ငံမှ ပြန်လာသူထဲက (၁၉)ဦး ပါဝင်ကြောင်း သိရသည်။

အသစ်ထပ်တိုးသည့် (၄၄)ဦးတွင် အမျိုးသား (၃၀)ဦး နှင့် အမျိုးသမီး (၁၄)ဦးတို့ ဖြစ်ပြီး လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား (၄၉၅)ဦးထဲက ပိုးတွေ့ (၁၉)ဦး ပါဝင်သည်။

ပိုးတွေ့သူ (၄၄)ဦးတွင် (၇)ဦးကို ဆေးရုံတင်ထားရပြီး ကျန်လူများကို ဝမ်ပုံ နှင့် ဝမ်လုံးတို့တွင် ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၂၂၀၀)ဝန်းကျင်ရှိနေပြီး ဆေးရုံဆင်းသူမှာလည်း (၁၇၀၀)ကျော်ရှိနေကာ သေဆုံးသူမှာ (၆၀)အထက်ရှိနေကြောင်း သိရသည်။