တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ (၁၄)ရက် စောင့်ကြည့်နိုင်ရန်အတွက် ကုတင်များကို ညတွင်းချင်း အရေးပေါ်ပြင်ဆင်ထား

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ (၁၄)ရက် စောင့်ကြည့်နိုင်ရန်အတွက် ကုတင်များကို ညတွင်းချင်း အရေးပေါ်ပြင်ဆင်ထား
မတ် 31, 2020
By Tachileik News Agency

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် နှင့် ပတ်သက်၍ (၁၄)ရက် စောင့်ကြည့်နိုင်ရန်အတွက် ကုတင်များကို ညတွင်းချင်း အရေးပေါ်ပြင်ဆင်ထား 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်မြို့သို့ ဝင်လာကာ ကျောက်မဲမြို့သို့ လေကြောင်းခရီးစဉ်ဖြင့်  ပြန်သွားသည့် အမျိုးသားတစ်ဦးသည် COVID-19 ကူးစက်ခံရသူအဖြစ် အတည်ပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် မတ်လ(၃၀)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည့် အတွက် လိုအပ်လျှင်  (၁၄)ရက် စောင့်ကြည့်ပေးရမည့်သူများအား ထားရှိနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကုတင်များကို ညတွင်းချင်း အရေးပေါ် စီစဉ်တိုးချဲ့ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မိုးကုတ်တရားရိပ်သာတွင် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၀)ကျော်ကို  ဒေသတွင်း စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မတ်လ(၂၃)ရက်နေ့က စတင်ကာ (၁၄)ရက်စောင့်ကြည့်ပေးထားနေလျှက်ရှိပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေကြောင့် (၁၄)ရက် စောင့်ကြည့်နိုင်ရန် အတွက် ကုတင်များကို တိုးချဲ့ထားရှိထားခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ(၃၀)ရက်နေ့ ညပိုင်းက အတည်ပြုလိုက်သည့် ကိုရိုနာဗိုင်းရပ် လူနာသည် ၂၀၂၀ခုနှစ် မတ်လ(၂၅)ရက်နေ့က တာချီလိတ်သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်က မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ် (၁)တံတားမှ တဆင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး တာချီလိတ်တွင် (၂)ရက်တိတိ နေထိုင်ခဲ့ကာ မတ်လ(၂၇)ရက်နေ့တွင် တာချီလိတ်မှ တဆင့် မန္တလေးသို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး မတ်လ(၂၅)ရက်နေ့က  ၎င်းနှင့်အတူ (၈၆၅)ဦး ဝင်ရောက်လာခြင်း ဖြစ်သည်။

၎င်းနှင့်ထိတွေ့ခဲ့သူများမှာ ရောဂါကူးစက်ခံရနိုင်ခြေရှိသဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ထိတွေ့ခဲ့ သူများအား တာချီလိတ် ခရိုင်/မြို့နယ်အဆင့် (COVID 19) ကြိုတင်ကာကွယ်ရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီက သက်ဆိုင်ရာရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ စာရင်းစိစစ်နေခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာ နယ်စပ်တံတားမှ ဖြတ်ဝင်လာစဉ် စိစစ်လက်ခံခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ၎င်းတို့ တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်မှ ဝန်ထမ်းနှင့် တည်းခိုနေထိုင်သူများ၊ ၎င်းတို့ သွားရောက်ခဲ့သည့် ထမင်းဆိုင် (၂)ဆိုင်၊ ညဈေးတန်း၊ ဆံသဆိုင်များမှ ဝန်ထမ်းများ၊ ဟိုတယ်မှ တာချီလိတ်လေဆိပ်သို့ လိုက်ပါပို့ဆောင်သည့် တက္ကစီ၊ တာချီလိတ်လေဆိပ်မှ ထိတွေ့ဖွယ်ရှိသည့် တာဝန်ကျဝန်ထမ်းများ၊ လေကြောင်းလိုင်းမှ ဝန်ထမ်း၊ လေယာဉ်အတူ စီးနင်းသွားသူများစာရင်းကို စိစစ်ရှာဖွေနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~