တာချီလိတ်မြို့နယ်ပညာရေးမှူးကို ရာထူးတာဝန်မှ ထုတ်ပယ်လိုက်ပြီး CDM မလုပ်ဆောင်ထားသည့် မလှိုင်မြို့နယ်က ကျောင်းအုပ်ကို ရာထူးတိုးကာ တာချီလိတ်မြို့နယ်ပညာရေးမှူးအဖြစ် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ခန့်အပ်

တာချီလိတ်မြို့နယ်ပညာရေးမှူးကို ရာထူးတာဝန်မှ ထုတ်ပယ်လိုက်ပြီး CDM မလုပ်ဆောင်ထားသည့် မလှိုင်မြို့နယ်က ကျောင်းအုပ်ကို ရာထူးတိုးကာ တာချီလိတ်မြို့နယ်ပညာရေးမှူးအဖြစ် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ခန့်အပ်

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်ထားသည့် မြို့နယ်ပညာရေးမှူးကို ရာထူးတာဝန်မှ ထုတ်ပယ်လိုက်ပြီး CDM မလုပ်ဆောင်ထားသည့် မလှိုင်မြို့နယ်က ကျောင်းအုပ်ကို ရာထူးတိုးကာ တာချီလိတ်မြို့နယ်ပညာရေးမှူးအဖြစ် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မေလ(၃၁)ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးအောင်သင်းသည် ပင်စင်ကာလနီးပြီဖြစ်သော်လည်း စစ်အာဏာရှင်၏ ယန္တရားအောက်တွင် လုပ်ငန်းတာဝန်မထမ်းဆောင်လို၍ ပင်စင်လစာကို မငဲ့တော့ဘဲ CDM လုပ်ဆောင်လိုက်သည့်အတွက် ရာထူးတာဝန်က ထုတ်ပယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးတွင် မြို့နယ်ပညာရေးမှူး နှင့် ရုံးဝန်ထမ်းတစ်ဦးသာ CDM လုပ်ဆောင်ပြီး ဒုမြို့နယ်ပညာရေးမှူးနှင့်ကျန်ဝန်ထမ်းများမှာ CDM လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်ထားကြသည့် အခြေခံကျောင်းများမှ ဆရာ၊ဆရာမများအနက်  (၂၇၆)ဦးမှာ တာဝန်မှ ယာယီရပ်ဆိုင်းခံထားရပြီး မြို့နယ်ပညာရေးသည် ရာထူးတာဝန်မှ ထုတ်ပယ်ခံထားရသူဖြစ်သည်။