တာချီလိတ်မြို့မရဲစခန်းမှ အချုပ်သား (၅၄) ဦး ကြိုတင် ဆန္ဒမဲပေး

တာချီလိတ်မြို့မရဲစခန်းမှ အချုပ်သား (၅၄) ဦး ကြိုတင် ဆန္ဒမဲပေး
အောက်တိုဘာ 31, 2020
By Tachileik News Agency
တာချီလိတ်မြို့မရဲစခန်းမှ အချုပ်သား (၅၄) ဦး ကြိုတင် ဆန္ဒမဲပေး
၂၀၂၀ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မ ရဲစခန်းရှိ အချုပ်သား (၅၄) ဦးသည် အောက်တိုဘာ (၃၁) ရက်နေ့ နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။
“ပထမအကြိမ်အချုပ်သားတွေ မဲပေးတာရှိပါတယ်။ ဒါက အခြားမြို့နယ်တွေကနေ တာချီလိတ်အချုပ်ခန်းမှာကျနေတဲ့ သူတွေ ပုံစံ (၁၅) နဲ့ တောင်းခံခဲ့တဲ့အတွက် သူတို့ မဲပေးပြီးသွားပါပြီ။ ဒီနေ့ပေးတဲ့ မဲဆန္ဒရှင်ကတော့ တာချီလိတ်မြို့နယ်မှာ အိမ်ထောင်စုစာရင်းနဲ့ နေတဲ့သူတွေအတွက် ရပ်ကွက်အားလုံးမှာ ပါဝင်သော်လည်း တစ်နေရာတည်းမှာ တစ်စုတဝေးတည်း မဲပေးနိုင်အောင် စီမံဆောင်ရွက်ထားတယ်။ အချုပ်သားတွေဆိုတော့ ရပ်ကွက်ထဲ ခေါ်ထုတ်ပြီး မဲပေးလို့မရပါဘူး။ အဲဒီအတွက် ဝမ်ကောင်းရပ်ကွက်ကို ပြောင်းယူပြီး မဲပေးနိုင်အောင်ဆောင်ရွက်ထားတယ်။ အချုပ်ခန်းထဲမှာ လုံခြုံရေးကို ဦးစားပေးရတဲ့ အနေအထားရှိတယ်။ ဒါကြောင့် မြို့မရဲစခန်း စခန်းမှူးရယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် (၇) ရက်ကြိုတင်ပြီးဆောင်ရွက်ထားတာ ဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအသုတ်အနေဖြင့် မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ၎င်းတို့နှင့် အတူနေမိသားစုဝင်များကို မဲလက်မှတ်ရရှိမှုအပေါ်မှုတည်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒုတိယအသုတ်အနေဖြင့် အသက် (၆၀) နှစ်နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
တာချီလိတ်မြို့မရဲစခန်းတွင် အချုပ်ကျခံနေသူများ ကြိုတင်ဆန္ဒမဲပေးရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီပိုင်းမှ  မဲရုံကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများမှ စောင့်ကြည့်လေ့လာရန်အတွက် တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဖိတ်ကြားခဲ့သည်။  
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~