တာချီလိတ်မြို့၏ ဇူလိုင်လ(၁၆)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၆)ဦး တွေ့ရှိ

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၆)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၂၆)ဦး တွေ့ရှိ
ဇူလိုင် 16, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့ တစ်နေ့တာအတွင်း  Covid-19 ပိုးတွေ့ရှိသူ (၂၆)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရှိသူများမှာ အမျိုးသား (၁၉)ဦး နှင့် အမျိုးသမီး (၇)ဦးတို့ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့မှုရှိသူများကို Covid-19 စစ်ဆေးပေးရန်အတွက် ဆောင်ရွက်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းအဖြစ် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်လာရာ ယနေ့ ဇူလိုင်လ(၁၆)ရက်နေ့ ညနေပိုင်းအချိန်အထိ စစ်ဆေးတွေ့ရှိရသည့် ကူးစက်ခံထားရသူ စုစုပေါင်းမှာ (၅၀၀)နီးပါးအထိ ရှိနေပြီး ပိုးတွေ့ပြီး သတ်မှတ်စောင့်ကြည့်ရက် (၁၁)ရက်ပြည့်သွား၍ နေအိမ်ပြန်ခွင့်ရရှိသူများမှာ (၆၀)ကျော်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် KTV နှင့် Club သို့ သွားလာခဲ့သူများ၊ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့သည်ဟု သံသယရှိသူများ အပြင် မိမိဆန္ဒအလျောက် Covid-19 စစ်ဆေးလိုသူများအနေဖြင့် တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်းရှိ Fever Clinic တွင် ကျပ်(၁၀,၀၀၀)ပေးပြီး လာရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့ကို ဇူလိုင်လ(၁၃)ရက်နေ့က စတင်ကာ  Stay at Home အဖြစ် သတ်မှတ်ထားသည့်အတွက် Stay at Home ကာလအတွင်း Covid-19 စစ်ဆေးလိုသူများအနေဖြင့် ဆေးရုံဟောင်းသို့ လာရာတွင် လမ်းတစ်လျှောက်မှ စစ်ဆေးရေးဂိတ်များ စစ်ဆေးမေးမြန်းပါက Covid-19 စစ်ဆေးမှုခံယူရန်သွားမည်ဟု ပြောဆိုနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

တာချီလိတ်မြို့ရှိ Covid-19 တတိယလှိုင်းအတွင်း တွေ့ရှိရသည့် ပိုးတွေ့လူနာများကို ဒေသအာဏာပိုင်များ၏ ကွပ်ကွဲမှုဖြင့် ဖွင့်လှစ်ထားသည့် မိုးကုတ်တရားရိပ်သာ နှင့် မိုးလုံလေလုံ အားကစားရုံရှိ စောင့်ကြည့်ရေး စင်တာများတွင်လည်းကောင်း၊ ဟိုတယ်တာချီလိတ်အတွင်းရှိ DAT Club&KTV တွင်လည်းကောင်း၊ 1G1 Hotel နှင့် ရွှေဘူးသီးဟိုတယ်တို့တွင်လည်းကောင်း အသီးသီး ထားရှိကြောင်း သိရသည်။

#TachileikNewsAgency