အာခါဒန္းစီးပြဲ မစတင္မီ ဘိုးေဘးဘီဘင္မ်ားအား ပူေဇာ္ကန္ေတာ့

အာခါဒန္းစီးပြဲ မစတင္မီ ဘိုးေဘးဘီဘင္မ်ားအား ပူေဇာ္ကန္ေတာ့
သြဂုတ် 25, 2019
By Tachileik News Agency

အာခါတိုင္းရင္းသားရိုးရာ မိရိုးဖလာစုေပါင္းဒန္းစီးပြဲေတာ္ က်င္းပ ျပဳလုပ္သည့္ အားေဆာ္ေပၚမိုး(အူးဖူေဒ့)ေက်းရြာတြင္ ဒန္းစီးပြဲေတာ္ ဖြင့္ပြဲ မျပဳလုပ္မီ ဘိုးေဘးဘီဘင္မ်ားအား ပူေဇာ္ကန္ေတာ့ပြဲကို ဦးစြာက်င္းပသည္။

"ဒါကေတာ့  စားဦးစားဖ်ားကို ဘိုးေဘးေတြကို ပူေဇာ္ျခင္းအမႈလို႔ ေခၚပါတယ္၊ အဲ့ဒါကို ပူေဇာ္ၿပီးမွ စြန္႔တဲ့ဟာကို ကြ်န္ေတာ္တို႔က ကေလးလူႀကီးအားလံုးကို နည္းနည္း နည္းနည္း ေကြ်းရပါတယ္၊ ဒီလို စားသံုးျခင္းသည္ ဘိုးေဘးေတြရဲ႕ ေကာင္းျခင္းမဂၤလာကို ခံစားရတယ္ဆိုတဲ့ အဓိပၸာယ္သက္ေရာက္ပါတယ္"ဟု အာခါရိုးရာယဥ္ေက်းမႈထိန္းသိမ္းေရးအႀကီးအကဲ ဦးမင္းညိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုႏွစ္တြင္ အားေဆာ္ေပၚမိုး(အူးဖူေဒ့)ေက်းရြာ၏ (၉)ႀကိမ္ေျမာက္ အာခါတိုင္းရင္းသားရိုးရာ မိရိုးဖလာစုေပါင္းဒန္းစီးပြဲေတာ္ အား ၾသဂုတ္လ(၂၀)ရက္ေန႔က စ၍ ၾသဂုတ္လ(၂၃)ရက္ေန႔အထိ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အားေဆာ္ေပၚမိုး(အူးဖူေဒ့)ေက်းရြာသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းတြမ္းေတာင္ေပၚေက်းရြာအုပ္စုအတြင္း၌ တည္ရွိၿပီး ၂၀၁၉ခုႏွစ္ ၾသဂုတ္လအထိ လူဦးေရ (၇၈၅)ဦးေနထိုင္ကာ အိမ္ေျခ(၁၃၀)ရွိသည္။

အာခါတိုင္းရင္းသားမ်ားသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ အမ်ားဆံုးေနထိုင္ၾကၿပီး ျမန္မာႏုိင္ငံႏွင့္ အနီးဆံုးျဖစ္သည့္ ထိုင္း၊ တရုတ္၊ လာအို စသည့္ ႏိုင္ငံတို႔တြင္လည္း ေနထိုင္လ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အာခါတိုင်းရင်းသားရိုးရာ မိရိုးဖလာစုပေါင်းဒန်းစီးပွဲတော် ကျင်းပ ပြုလုပ်သည့် အားဆော်ပေါ်မိုး(အူးဖူဒေ့)ကျေးရွာတွင် ဒန်းစီးပွဲတော် ဖွင့်ပွဲ မပြုလုပ်မီ ဘိုးဘေးဘီဘင်များအား ပူဇော်ကန်တော့ပွဲကို ဦးစွာကျင်းပသည်။

"ဒါကတော့ စားဦးစားဖျားကို ဘိုးဘေးတွေကို ပူဇော်ခြင်းအမှုလို့ ခေါ်ပါတယ်၊ အဲ့ဒါကို ပူဇော်ပြီးမှ စွန့်တဲ့ဟာကို ကျွန်တော်တို့က ကလေးလူကြီးအားလုံးကို နည်းနည်း နည်းနည်း ကျွေးရပါတယ်၊ ဒီလို စားသုံးခြင်းသည် ဘိုးဘေးတွေရဲ့ ကောင်းခြင်းမင်္ဂလာကို ခံစားရတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်"ဟု အာခါရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးအကြီးအကဲ ဦးမင်းညိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုနှစ်တွင် အားဆော်ပေါ်မိုး(အူးဖူဒေ့)ကျေးရွာ၏ (၉)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ မိရိုးဖလာစုပေါင်းဒန်းစီးပွဲတော် အား သြဂုတ်လ(၂၀)ရက်နေ့က စ၍ သြဂုတ်လ(၂၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အားဆော်ပေါ်မိုး(အူးဖူဒေ့)ကျေးရွာသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း၌ တည်ရှိပြီး ၂၀၁၉ခုနှစ် သြဂုတ်လအထိ လူဦးရေ (၇၈၅)ဦးနေထိုင်ကာ အိမ်ခြေ(၁၃၀)ရှိသည်။

အာခါတိုင်းရင်းသားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံနှင့် အနီးဆုံးဖြစ်သည့် ထိုင်း၊ တရုတ်၊ လာအို စသည့် နိုင်ငံတို့တွင်လည်း နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net