အတည်ပြုလူနာတစ်ဦးတွေ့ရှိရသည့် စစ်တွေ ရိုးမဘဏ်ခွဲကို ယာယီပိတ်ထားပြီး ဝန်ထမ်းများကို အသွားအလာကန့်သတ်ထား

အတည်ပြုလူနာတစ်ဦးတွေ့ရှိရသည့် စစ်တွေ ရိုးမဘဏ်ခွဲကို ယာယီပိတ်ထားပြီး ဝန်ထမ်းများကို အသွားအလာကန့်သတ်ထား
သြဂုတ် 22, 2020
By Tachileik News Agency
အတည်ပြုလူနာတစ်ဦးတွေ့ရှိရသည့် စစ်တွေ ရိုးမဘဏ်ခွဲကို ယာယီပိတ်ထားပြီး ဝန်ထမ်းများကို အသွားအလာကန့်သတ်ထား
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ညက Covid 19 အတည်ပြုလူနာ (၁၀)ဦး တွေ့ရသည့်အနက် စစ်တွေ ရိုးမဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦးပါဝင်သဖြင့် စစ်တွေဘဏ်ခွဲကို ယာယီပိတ်ထားပြီး ဘဏ်ခွဲမှဝန်ထမ်း (၂၈)ဦးကို အသွားအလာကန့်သတ် ဓာတ်ခွဲနမူနာယူ စစ်ဆေးထားကြောင်း အဆိုပါဘဏ်က သတင်းထုတ်ပြန်သည်။
“ရိုးမဘဏ်ရဲ့ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုက်အဝန်းကို အကာအကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။ စစ်တွေ ဘဏ်ခွဲကို ပိတ်ထားစဉ်မှာ Customers တွေကို အကောင်းဆုံးဝန်ဆောင်ပေးသွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ Customers များနှင့် ရိုးမဘဏ်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးရှိစေဖို့ ရိုးမဘဏ်အနေနဲ့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland မှ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
စစ်တွေမြို့၊ မြောက်ရူပါရပ်ကွက်ရှိ ရိုးမဘဏ်ခွဲကို ယာယီပိတ်ထားမည်ဖြစ်ပြီး ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင်းရှိ ကျန်ရိုးမဘဏ်ခွဲများကို ပုံမှန်အတိုင်း ဆက်ဖွင့်ထားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စီဘီဘဏ်၏ ဘဏ်ခွဲမှ ဝန်ထမ်းတစ်ဦးကို COVID 19 ပြည်တွင်းကူးစက်မှုအဖြစ် သြဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရပြီးနောက် သြဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်း ဓာတ်ခွဲအဖြေများရသည်အထိ ရခိုင်ပြည်နယ်အတွင်းမှ ပြည်တွင်းကူးစက်လူနာ စုစုပေါင်း (၄၅)ဦးအထိ တိုးလာနေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~