က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးေဘးရိွ ေက်ာင္းမ်ား အပါအ၀င္ အႏၱရာယ္ရိွေနရာမ်ားတြင္ သတိေပးလမ္းညႊန္မ်ား၊ လူကူးမ်ဥ္းက်ားမ်ား လုပ္ေဆာင္ရန္ ကြင္းဆင္းစစ္ေဆး

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးေဘးရိွ ေက်ာင္းမ်ား အပါအ၀င္ အႏၱရာယ္ရိွေနရာမ်ားတြင္ သတိေပးလမ္းညႊန္မ်ား၊ လူကူးမ်ဥ္းက်ားမ်ား လုပ္ေဆာင္ရန္ ကြင္းဆင္းစစ္ေဆး
စက်တင်ဘာ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ရိွ အေျခခံပညာ ေက်ာင္း (၅) ေက်ာင္း အပါအ၀င္ အႏၱရာယ္ရိွနုိင္သည့္ေနရာ (၁၀) ခုတြင္ ေဘးကင္းစြာ လမ္းျဖတ္ကူးႏုိင္ေရး အမွတ္အသားမ်ား လုပ္ေဆာင္ရန္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားက ကြင္းဆင္းစစ္ေဆးထားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ လိုအပ္သည့္ေနရာမ်ားတြင္ လူကူးမ်ဥ္းက်ားမ်ား၊ လမ္းညႊန္အသိေပးဆိုင္းဘုတ္မ်ားနွင့္ လမ္းအကာအရံမ်ားကို လမ္းပိုင္းကို BOT ျဖင့္ တာဝန္ယူလုပ္ကိုင္ေနသည့္ ကုမၸဏီက လုပ္ေဆာင္ေပးရန္ ညိႇႏိႈင္းၿပီးေနာက္ သက္ဆုိင္ရာဌာနမ်ားႏွင့္ BOT ကုမၸဏီမွ တာဝန္ရိွသူတုိ႔ ပူးေပါင္းၿပီး ၂၀၁၉ ခုႏွစ္ စက္တင္ဘာ (၂၄) ရက္ေန႔က ကြင္းဆင္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

"က်ိဳင္းတံု - တာခ်ီလိတ္လမ္းတေလွ်ာက္မွာရိွတဲ့ ယာဥ္အႏၱရာယ္ျဖစ္ႏိုင္တဲ့ အျဖစ္မ်ားတဲ့ေနရာေတြ၊ အရင္ဆိုင္းဘုတ္ အေဟာင္းေတြလည္း ရိွတယ္။ အသစ္ေတြထပ္တိုးစိုက္ရမယ့္ေနရာေတြလည္ ရိွတယ္။ စာသင္ေက်ာင္းေတြေရွ႕မွာ လူကူးမ်ဥ္းက်ားေတြ၊ ေက်ာင္းရိွသည့္ေျဖးေျဖးေမာင္း ဆိုင္းဘုတ္ေတြတပ္ဖို႔၊ ရြာအဝင္ေတြမွာ အရိွန္ေလွ်ာ့ေမာင္းဖို႔ ဆိုင္းဘုတ္ေတြတပ္ဖို႔ သြားၾကည့္ၾကတာပါ။ ဒီလမ္းပိုင္းက ေသာ္တာဝင္းကုမၸဏီက တာ၀န္ယူထားတဲ့အတြက္ ကုမၸဏီမန္ေနဂ်ာနဲ႔ ကြင္းဆင္းတာပါ"ဟု အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံခရိုင္)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း က်ိဳင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီးေပၚရိွ ယန္းခေက်းရြာ၊ ေနာင္ဆာေက်းရြာ၊ ပန္ေလာ့ေက်းရြာ၊ မိုင္းဇင္းေက်းရြာ၊ ပန္ကြဲေတာင္အဆင္း၊ မိုင္တိုင္(၂၁)၊ မိုင္တိုင္(၂၈) ၊ တာေက်ာက္တို႔ရိွ ေနရာ (၁၀) ခုႏွင့္ အေျခခံပညာေက်ာင္း (၅) ေက်ာင္းေရွ႕တြင္ လူကူးမ်ဥ္းက်ားမ်ား ေရးဆြဲရန္၊ ေက်ာင္းရိွသည့္ အမွတ္အသား လမ္းညႊန္ဆိုင္းဘုတ္မ်ား တပ္ဆင္ရန္၊ ေက်းရြာအဝင္မ်ားတြင္ အရိွန္ႏႈန္းကန္႔သတ္သည့္ ဆိုင္းဘုတ္မ်ားတပ္ဆင္ရန္ႏွင့္ ေခ်ာက္နက္ၿပီးကားက်ခဲ့သည့္ တာေက်ာက္တြင္ အႏၱရာယ္သတိေပးဆိုင္းဘုတ္ႏွင့္ အကာအရံမ်ားတပ္ဆင္ႏိုင္ေရး ညိႇႏိႈင္းထားေၾကာင္း သိရသည္။

လမ္းပိုင္းတေလွ်ာက္တြင္ လိုအပ္သည့္ သတိေပးလမ္းညႊန္မ်ား လုပ္ေဆာင္ေပးရန္ ကြင္းဆင္းစစ္ေဆးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာနမွ ျပည္နယ္ဦးစီးမွဴး ဦးေက်ာ္ေရႊ၊ စစ္ေဆးေရးမွဴး (၂) ဦးေအာင္မိုး၊ ေသာ္တာဝင္း ေဆာက္လုပ္ေရးကုမၸဏီမွ မန္ေနဂ်ာ ဦးသန္းေဇာ္ဦးႏွင့္ အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံခရိုင္)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ တို႔ပါဝင္သည့္ သက္ဆိုင္ရာအဖြဲ႕က စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - KZA


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ အခြေခံပညာ ကျောင်း (၅) ကျောင်း အပါအဝင် အန္တရာယ်ရှိနိုင်သည့်နေရာ (၁၀) ခုတွင် ဘေးကင်းစွာ လမ်းဖြတ်ကူးနိုင်ရေး အမှတ်အသားများ လုပ်ဆောင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးထားကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် လိုအပ်သည့်နေရာများတွင် လူကူးမျဉ်းကျားများ၊ လမ်းညွှန်အသိပေးဆိုင်းဘုတ်များနှင့် လမ်းအကာအရံများကို လမ်းပိုင်းကို BOT ဖြင့် တာဝန်ယူလုပ်ကိုင်နေသည့် ကုမ္ပဏီက လုပ်ဆောင်ပေးရန် ညှိနှိုင်းပြီးနောက် သက်ဆိုင်ရာဌာနများနှင့် BOT ကုမ္ပဏီမှ တာဝန်ရှိသူတို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ (၂၄) ရက်နေ့က ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"ကျိုင်းတုံ - တာချီလိတ်လမ်းတလျှောက်မှာရှိတဲ့ ယာဉ်အန္တရာယ်ဖြစ်နိုင်တဲ့ အဖြစ်များတဲ့နေရာတွေ၊ အရင်ဆိုင်းဘုတ် အဟောင်းတွေလည်း ရှိတယ်။ အသစ်တွေထပ်တိုးစိုက်ရမယ့်နေရာတွေလည် ရှိတယ်။ စာသင်ကျောင်းတွေရှေ့မှာ လူကူးမျဉ်းကျားတွေ၊ ကျောင်းရှိသည့်ဖြေးဖြေးမောင်း ဆိုင်းဘုတ်တွေတပ်ဖို့၊ ရွာအဝင်တွေမှာ အရှိန်လျှော့မောင်းဖို့ ဆိုင်းဘုတ်တွေတပ်ဖို့ သွားကြည့်ကြတာပါ။ ဒီလမ်းပိုင်းက သော်တာဝင်းကုမ္ပဏီက တာဝန်ယူထားတဲ့အတွက် ကုမ္ပဏီမန်နေဂျာနဲ့ ကွင်းဆင်းတာပါ"ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယန်းခကျေးရွာ၊ နောင်ဆာကျေးရွာ၊ ပန်လော့ကျေးရွာ၊ မိုင်းဇင်းကျေးရွာ၊ ပန်ကွဲတောင်အဆင်း၊ မိုင်တိုင်(၂၁)၊ မိုင်တိုင်(၂၈)၊ တာကျောက်တို့ရှိ နေရာ (၁၀) ခုနှင့် အခြေခံပညာကျောင်း (၅) ကျောင်းရှေ့တွင် လူကူးမျဉ်းကျားများ ရေးဆွဲရန်၊ ကျောင်းရှိသည့် အမှတ်အသား လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ရန်၊ ကျေးရွာအဝင်များတွင် အရှိန်နှုန်းကန့်သတ်သည့် ဆိုင်းဘုတ်များတပ်ဆင်ရန်နှင့် ချောက်နက်ပြီးကားကျခဲ့သည့် တာကျောက်တွင် အန္တရာယ်သတိပေးဆိုင်းဘုတ်နှင့် အကာအရံများတပ်ဆင်နိုင်ရေး ညှိနှိုင်းထားကြောင်း သိရသည်။

လမ်းပိုင်းတလျှောက်တွင် လိုအပ်သည့် သတိပေးလမ်းညွှန်များ လုပ်ဆောင်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ရွှေ၊ စစ်ဆေးရေးမှူး (၂) ဦးအောင်မိုး၊ သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးသန်းဇော်ဦးနှင့် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် တို့ပါဝင်သည့် သက်ဆိုင်ရာအဖွဲ့က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net